ပန်းတောင်း၊ ဇန်နဝါရီ ၁၂
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၌ ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင် ဦးဆောင်သောအဖွဲ့သည် ပန်းတောင်းမြို့နယ်အတွင်းရှိဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။
ထိုသို့ကွင်းဆင်းကြည့်ရှုရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်ဦးဆောင်၍ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါ၍ ရှေးဦးစွာ ပဲကြီးကျေးရွာအုပ်စု၊ ပဲကြီးကျေးရွာရှိ မြို့နယ်ကျေးလက်လမ်းဦးစီးဌာနမှ တာဝန်ယူ ဆောင်ရွက်လျက်ရှိသော ပဲကြီး-လှည်းကူး-သရက်ခုံ-မအူခုံ-တောင်မောက်-ကျောက်ဇကွဲ-ဖလို-ကျားခြေရာ-မသုန်လမ်း အရှည် (၁) မိုင် (၄) ဖာလုံ၊ အကျယ် (၂၀) ပေ၊ ထုထည် (၈) လက်မ ဖို့မြေ/ဖြတ်မြေ လုပ်ငန်းဆောင်ရွက်နေမှုနှင့် ချောင်းကျောက်ခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှု အားလည်းကောင်း၊ သူရဲတန်းကျေးရွာအုပ်စု၊ သူရဲတန်းကျေးရွာရှိ ပုသိမ်-မုံရွာလမ်းမှ ကျားကိုက်-သူရဲတမ်းလမ်း အရှည် (၁) မိုင်၊ အကျယ် (၁၄) ပေ၊ ထုထည် (၇) လက်မ ကွန်ကရစ်ခင်းခြင်း လုပ်ငန်းအားကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။
ဆက်လက်၍ ရွှေညီနောင်ကျေးရွာအုပ်စု၊ ရွှေညီနောင်ကျေးရွာရှိ ဆည်မြောင်းနှင့်ရေအသုံးချ ရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသော အလျား (၁၇၅) ပေ၊ အကျယ် (၆) ပေ ရွှေညီနောင် မြောင်းသစ်ပေါ်ရှိ ကျေးလက်ရေထိန်းဆည်ပြုပြင်ခြင်း တူးဖော်ခြင်း လုပ်ငန်းအားလည်းကောင်း၊ ဒေါင်းမြတ်နားကျေးရွာအုပ်စု၊ ဒေါင်းမြတ်နားကျေးရွာရှိ ဆည်မြောင်းနှင့်ရေအသုံးချရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသော အလျား (၅၀၀၀) ပေ၊ အကျယ် (၁၀) ပေ ကျောက်ဆည်ကြီး ရေလွှဲဆည်နှင့်ကသည်းရေထိန်းဆည်အတွင်း မြောင်းပေါင်ဆင့်ခြင်းလုပ် ငန်းနှင့် အလျား (၂၅၀၀) ပေ၊ အကျယ် (၆) ပေ ညောင်ကိုင်းဆည်ရေသောက်စနစ်ပေါ်ရှိ ဂွရေထိန်းဆည်မှ ဦးဝင်းထိန်ရေထိန်းဆည်အတွင်းကျေးလက်မြောင်း ပြန်လည်တူးဖော်ခြင်း လုပ်ငန်းတို့အားကြည့်ရှုစစ်ဆေးကာလိုအပ်သည်များမှာကြားခဲ့ကြောင်းသိရသည်။
လပြည့်လင်း
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment