Pages

Pages

ကျိုင်းတုံမြို့နယ်တွင် ငွေကျပ်သိန်း ၄,၈၀၀ တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၆၀ ကီလို ဖမ်းဆီးရမိ


နေပြည်တော်၊ ဇန်နဝါရီ ၃

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည်  ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက်နေ့ ညနေ ၃ နာရီခွဲအချိန် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံ မြို့နယ်၊ ယန်းလောကျေးရွာအုပ်စု၊ ကျိုင်းဖောင်းကျေးရွာအနီးတွင် မိုင်းပျဉ်းမှ ကျိုင်းတုံဘက်သို့ စိုင်းထွန်းကျောက် မောင်းနှင်လာသည့် TOYOTA ALPHARD မော်တော်ယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်၏ကြမ်းခင်းအံဝှက်အတွင်း သိုဝှက်သယ်ဆောင်လာသည့် ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၄,၈၀၀ တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၆၀ ကီလို သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက် အရ သိမ်းဆည်းရမိခဲ့သည်။

အိုက်စ်(မက်သ်အဖက်တမင်း)များအား မိုင်းပျဉ်းမြို့နယ်မှ တာချီလိတ်မြို့နယ်သို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းအား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။ 


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment