Pages

Pages

RFA သတင်းဌာန က မဟုတ်မမှန်သတင်း လုပ်ကြံဖန်တီးရေးသားဖော်ပြ


နေပြည်တော်၊ ၂၀၂၅ ဇန်နဝါရီ ၃

‌ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ရေအေးရွာနှင့်လမ်းဆုံကျေးရွာအတွင်းရှိ နေအိမ်များကို ဒီဇင်ဘာ ၃၀ ရက်နေ့မှစ၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက အကြောင်းမဲ့ မီးရှို့ဖျက်ဆီးခဲ့ကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာများက မဟုတ်မမှန် လုပ်ကြံရေးသား ဖြန့်ဝေလျက်ရှိကြောင်းသိရသည်။

‌ အဆိုပါသတင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာလုံခြုံရေးတာဝန်ရှိသူတစ်ဦးထံ ဆက်သွယ်မေးမြန်းချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များက နေအိမ်များကိုမီးရှို့ဖျက်ဆီးခဲ့ သည်ဆိုသည့်သတင်းမှာ သတင်းအမှားသာဖြစ်ကြောင်းသိရှိရပြီး အကြမ်းဖက်သမား များအနေဖြင့် နယ်မြေအေးချမ်းတည်ငြိမ်မှုကို မလိုလားဘဲ ငြိမ်းချမ်းစွာ နေထိုင်လျက် ရှိသော ပြည်သူလူထုအပေါ် အနိုင်ကျင့်ခြိမ်းခြောက်မှုများ လုပ်ဆောင်လျက်ရှိပြီး ၎င်းတို့ အပေါ် ထောက်ခံအားပေးမှုမရှိသည့်ကျေးရွာများကို မီးရှို့ဖျက်ဆီးခြင်းများ လုပ်ဆောင် လျက်ရှိကြောင်း သိရှိရသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ပြည်သူများ အေးချမ်းစွာနေထိုင်နိုင်ရေး အတွက် လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများကို ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး တရားမဝင် ပြည်ဖျက်မီဒီယာများက လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် ပြည်သူများ အထင်အမြင်လွဲမှား စေရန် ရည်ရွယ်၍ ယခုကဲ့သို့ အခြေအမြစ်မရှိသည့် ဓာတ်ပုံများကို အသုံးပြုပြီး မဟုတ်မမှန်သတင်းများရေးသား ဖြန့်ဝေနေခြင်းဖြစ်ကြောင်း သတင်းရရှိသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment