နေပြည်တော်၊ ဇန်နဝါရီ ၂၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်ရှိ အခြေခံပညာ အထက်တန်းကျောင်းများ၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ မြို့နယ်ပညာရေးစုံညီပွဲတော် ကို ယနေ့နံနက်ပိုင်းတွင် နမ့်စန်မြို့ရှိ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပ ပြုလုပ်ရာ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးမင်းထွန်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းသားမိဘများနှင့် ဒေသခံတိုင်းရင်းသားများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးနှင့် တာဝန်ရှိသူများက မြို့နယ်ပညာရေးစုံညီပွဲတော်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ကျောင်းသား၊ ကျောင်းသူများက ဘင်ခရာ/ မြန်မာ့သိုင်း/ ပန်းပွားအကဖြင့် ဖျော်ဖြေတင်ဆက်မှုများကို ကြည့်ရှုအားပေးကြသည်။ ထို့နောက် ကျောင်းသား၊ ကျောင်းသူများက ကျောင်းခန်းမ၌ “ကြိုဆိုပါသည် စုံညီပွဲတော်” သီချင်းဖြင့် သီဆိုဖွင့်လှစ်ပြီး တိုင်းမှူးက ဂုဏ်ပြုအားပေးစကား ပြောကြားသည်။ ယင်းနောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ကျောင်းသား၊ ကျောင်းသူများ ၏ မြန်မာ့ရိုးရာနှင့် ခေတ်ပေါ်တေးသီချင်းများ၊ တိုင်းရင်းသားရိုးရာအကများဖြင့် သီဆို ဖျော်ဖြေမှုများကို ကြည့်ရှုအားပေးကြသည်။
ဆက်လက်၍ တိုင်းမှူးက ပညာရေးစုံညီပွဲတော်အတွက် ချီးမြှင့်ငွေများပေး အပ်ရာ ကျောင်းအုပ်ကြီးက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေး အပ်သည်။ ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက ပြည်နယ်/ခရိုင်/မြို့နယ်အဆင့် အင်္ဂလိပ်စာ၊ သင်္ချာ စွမ်းရည်ပြိုင်ပွဲများ၊ စာစီစာကုံးပြိုင်ပွဲများတွင် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး ကျောင်းသား၊ ကျောင်းသူများ၏ တီထွင်ပြုလုပ်ထားသော စက်မှု၊ လက်မှုလက်ရာများ၊ သင်ထောက် ကူပစ္စည်းပြခန်းများနှင့် သိပ္ပံပြခန်းများတွင် လက်တွေ့ပြသနေမှုများကို လိုက်လံ ကြည့်ရှုအားပေးခဲ့ကြကြောင်း သတင်းရရှိသည်။
#MNP #News #Education
Join - https://t.me/MyanmarNationalPost

No comments:
Post a Comment