ဇန်နဝါရီ - ၁၃ ( တနင်္လာနေ့ )
လော့စ်အိန်ဂျလိစ်တွင် ကြီးမားသော တောမီးလောင်ကျွမ်းမှုအတွင်း ယခုအချိန်အထိ လူ ၂၄ ဦး သေဆုံးခဲ့ပြီး မီးလောင်ကျွမ်းမှု ပိုမိုပြင်းထန်လာနိုင်သည့် အန္တရာယ်ရှိသော လေပြင်းများ ဝင်ရောက်လာနိုင်ကြောင်း သတိပေးထားသည်။
ခြောက်ရက်မြောက်နေ့တွင် အမေရိကန်နိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့၌ မီးလောင်ကျွမ်းမှု ဆက်လက်ဖြစ်ပွားခဲ့ပြီး ရပ်ရွာတစ်ခုလုံး လောင်ကျွမ်းပျက်စီးသွားကာ လူထောင်ပေါင်းများစွာ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်။
ကယ်လီဖိုးနီးယားပြည်နယ် အုပ်ချုပ်ရေးမှူး Gavin Newsom ဂါဗင်နယူးဆမ် က တောမီးသည် အမေရိကန်သမိုင်းတွင် အဆိုးရွားဆုံး သဘာဝဘေးဖြစ်နိုင်ပြီး အိမ်ခြေထောင်ပေါင်းများစွာ ပျက်စီးကာ လူပေါင်း 1,00,000 ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရကြောင်း ပြောကြားခဲ့သည်။
ကြီးမားသော မီးငြှိမ်းသတ်ရေး ကြိုးပမ်းမှုများသည် ပါလီဆိတ်ဒေသ တောမီး ပျံ့နှံ့မှုကို တိုက်ခိုက်နိုင်ခဲ့ပေမဲ့ တောမီးက အဆင့်မြင့် လူနေထိုင်ရာ ဘရန့်ဝုဒ် နဲ့ လူဦးရေ ထူထပ်သော ဆန်ဖာနန်ဒို တောင်ကြားဆီသို့ ဦးတည်သွားခဲ့သည်။
လာမည့်ရက်များအတွင်း "ပြင်းထန်သောမီးလောင်ကျွမ်းမှုအပြုအမူနှင့် အသက်အန္တရာယ်ရှိသောအခြေအနေများ" နှင့်အတူ အခြေအနေများသည် သိသိသာသာဆိုးရွားလာမည်ဖြစ်နိုင်သည်ဟုခန့်မှန်းထားကြပါသည်။
လေပြင်းတိုက်ခတ်မှုက တစ်နာရီလျှင် မိုင် ၇၀ (၁၁၀ ကီလိုမီတာ) အထိ တိုက်ခတ်နိုင်ပြီး
အထူးသဖြင့် အန္တရာယ်ရှိသော အခြေအနေ (PDS) ကို အင်္ဂါနေ့အစောပိုင်းမှာ ထုတ်ပြန်ကြေညာမည်ဖြစ်ကြောင်း အမျိုးသားမိုးလေဝသဌာနမှ မိုးလေဝသပညာရှင် ရို့စ်ဆန်ချိုရန်ဖဲက ပြောကြားခဲ့သည်။
အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့် မီးတောက်များကို ဖြစ်ပေါ်စေပြီး လက်ရှိလောင်ကျွမ်းနေသော ဇုန်များမှ မီးခိုးများကို နေရာသစ်များသို့ တွန်းပို့နိုင်သည်ဟု မီးသတ်သမားများက သတိပေးထားသည်။
ထိုအတောအတွင်း၊ လော့စ်အိန်ဂျလိစ်ကောင်တီ မီးသတ်ဌာနက ၎င်းတို့သည် အဝေးမှ ရေထရပ်ကားများနှင့် မီးသတ်သမား ဒါဇင်ပေါင်းများစွာ အပါအဝင် အရင်းအမြစ်များကို လက်ခံရရှိခဲ့ပြီး အသစ်တဖန် ခြိမ်းခြောက်မှုကို ရင်ဆိုင်ရန် ကြိုတင်ပြင်ဆင်ထားကြောင်း ပြောကြားခဲ့သည်။
REF - News18
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment