ပန်းဘဲတန်းမြို့နယ်၊ ရွှေချစ်သူ စိန်ရွှေရတနာဆိုင် အား ဝင်ရောက်လုယက်မှုဖြစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပန်းဘဲတန်းမြို့နယ်၊ ရွှေချစ်သူ စိန်ရွှေရတနာဆိုင် အား ဝင်ရောက်လုယက်မှုဖြစ်


ရန်ကုန်၊ ဇန်နဝါရီ ၈

ပန်းဘဲတန်းမြို့နယ်၊ အမှတ်(၇)ရပ်ကွက်၊ လမ်း(၃၀)အလယ်ဘလောက်၊ အမှတ်(၁၁၀)ပထမထပ်ရှိ ရွှေချစ်သူ စိန်ရွှေရတနာ ရောင်းဝယ်ဆိုင်ရေးသို့ ယနေ့ မနက်ပိုင်းက ဝင်ရောက်လုယက်မှု ဖြစ်ပွားကြောင်း သတင်းရရှိသည်။

တာဝန်ရှိသူများ သွားရောက်စိစစ်ခဲ့ရာ ရွှေချစ်သူ စိန်ရွှေရတနာ ရောင်းဝယ်ဆိုင်ရေးတွင် ပိုင်ရှင် ဒေါ်မိုးနှင်စိုး၊ မန်နေဂျာ ဦးဇော်ဌေး၊ ဝန်ထမ်း ဒေါ်တင်တင်ဝင်း တို့ (၃)ဦး ရှိနေစဉ် အသက်(၃၀)နှစ်ခန့်ရှိ ဘောင်းဘီရှည်ဝတ်ထားသည့် ကျား(၁)ဦး(စိစစ်ဆဲ)မှ အခန်းတံခါးဝသို့ ရောက်ရှိလာပြီး ရွှေရောင်းချင်ကြောင်း ပြောကြားသဖြင့် အခန်းတံခါးအား ဖွင့်ပေးခဲ့စဉ် ၎င်းနောက်မှ ဘောင်းဘီရှည်ဝတ်ထားသည့် ကျား(၂)ဦး(စိစစ်ဆဲ)မှ လိုက်ပါဝင်ရောက်ခဲ့ကြောင်း၊ ၎င်းတို့(၃)ဦးအနက် (၁)ဦးမှ သေနတ်အတို (၁)လက်၊ ဓါးမြှောင် (၁)ချောင်းတို့အား ပြသခြိမ်းခြောက်၍ ကောင်တာဘေး ကြမ်းခင်းတွင် ချထားသည့် ငွေစက္ကူမျိုးစုံ ကျပ်သိန်း(၅၀၀)၊ မှန်ကောင်တာအတွင်းရှိ စိန်ရွှေပစ္စည်းမျိုးစုံ(အရေအတွက်/တန်ဘိုး စိစစ်ဆဲ)၊ စုစုပေါင်းငွေကျပ်သိန်း(၁၀,၀၀၀)ခန့်၊ ဒေါ်မိုးနှင်းစိုး တို့ကိုင်ဆောင်သည့် Redmi ဖုန်း (၂)လုံး၊ OPPO ဖုန်း (၁)လုံး၊ Huawei ဖုန်း (၁)လုံးတို့အား ယူဆောင်ပြီး ဒေါ်မိုးနှင်းစိုး ပါ (၃)ဦး အား အခန်းအနောက်ရှိ ရေချိုးခန်းအတွင်းသို့ ထည့်၍ မှန်ဘောင်ဖြင့် ပိတ်ထားကာ ပြန်လည်ထွက်ခွာသွားခဲ့ကြောင်း သိရသည်။

အဆိုပါ လုယက်မှုဖြစ်စဉ်မှ တရားခံဖမ်းဆီးရမိရေး ပူးပေါင်းအဖွဲ့များဖြင့် ပိတ်ဆို့ရှာဖွေ စိစစ်လျက်ရှိကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)