ငမူးသင်္ဘောသားတွေ ပိုက်ဆံလိုက်ဝေသလို ဘိုင်ဒန်အစိုးရလုပ်ခဲ့တယ်လို့ အိမ်ဖြူတော်ဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ငမူးသင်္ဘောသားတွေ ပိုက်ဆံလိုက်ဝေသလို ဘိုင်ဒန်အစိုးရလုပ်ခဲ့တယ်လို့ အိမ်ဖြူတော်ဆို


ဇန်နဝါရီ - ၂၉ ( ဗုဒ္ဓဟူးနေ့ ) 

မနေ့က ပြုလုပ်ခဲ့တဲ့ အိမ်ဖြူတော် သတင်းစာရှင်းလင်းပွဲမှာ  နိုင်ငံရပ်ခြားကိုပေးနေတဲ့ အမေရိကန်နိုင်ငံရဲ့ အကူအညီတွေကို သမ္မတ ထရမ့်က ယာယီရပ်ဆိုင်းထားတဲ့ကိစ္စနဲ့ ပတ်သက်ပြီး သတင်းထောက်တွေရဲ့ မေးခွန်းကို  အိမ်ဖြူတော်ပြောခွင့်ရပုဂ္ဂိုလ် ကာရိုလင်းလီအာဗစ်က ဘိုင်ဒန်အစိုးရက ငမူးတွေပိုက်ဆံလိုက်ဝေသလို လုပ်ခဲ့လို့ ပြည်တွင်းမှာ ငွေကြေးဖောင်းပွမှုတွေ ဖြစ်ခဲ့တယ်လို့ ပြောသွားပါတယ်။ 

“ဘိုင်ဒန်အစိုးရက သူ့လက်ထက်မှာ ပြည်ထောင်စု ဘတ်ဂျတ်ကို နမော်နမဲ့တွေ သုံးခဲ့တယ်။ အခု သမ္မတ ထရမ့်က နိုင်ငံခြားကို ပေးနေတဲ့ အကူအညီတွေကို ပြန်သုံးသပ်ဖို့ ရက် ၉၀ ခတ္တ ဆိုင်းငံ့ထားပါတယ်။ ပြည်တွင်းလည်ပတ်နေတဲ့ ငွေကြေးတွေကို ပြန်လည်ခိုင်မာလာအောင် နဲ့ အမေရိကန်သည်သာ ပထမဆိုတဲ့ သမ္မတရဲ့ အာဘော်အတိုင်း အမေရိကန်နိုင်ငံသားတွေကို ထိထိရောက်ရောက် အကူအညီဖြစ်ရဲ့လားဆိုတာကို ပြန်ဆန်းစစ်ဖို့အတွက် လုပ်နေတာပါ” လို့ ဆိုသွားပါတယ်။ 

“ပြီးခဲ့တဲ့ ၄ နှစ်လုံးလုံး ဘိုင်ဒန် အစိုးရက ငမူးသင်္ဘောသားတွေလို့ ပြည်သူတွေရဲ့ အခွန်တွေကို သုံးချင်သလိုသုံး၊ ဖြုန်းချင်သလိုဖြုန်းသွားပါတယ်။ ကျမတို့တိုင်းပြည်မှာ ငွေကြေးဖောင်ပွမှု အကြီးအကျယ်ဖြစ်သွားရတဲ့ အဓိက တရားခံက အဲ့ဒိကိစ္စပါပဲ” လို့ လီအာဗစ် က ဆိုပါတယ်။ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကို ပေးတဲ့ ကန်ဒေါ်လာ ၃၇ သန်း၊ ဂါဇာမှာ ကွန်ဒုံဝေဖို့သုံးတဲ့ သန်း ၅၀ တို့ဟာ နမူနာပြတဲ့ ပိုက်ဆံဖြုန်းတဲ့ လုပ်ငန်းတွေပါလို့ ထောက်ပြသွားပါတယ်။ “အဲ့ဒါတွေက ပြည်သူတွေ ဆောင်ထားတဲ့ အခွန်တွေကို အလကားဖြုန်းပစ်နေတာပါပဲ” လို့ ပြောပါတယ်။ 

ထရမ့်က သူသမ္မတရာထူးကို လက်ခံတဲ့နေ့မှာ သမ္မတလုပ်ပိုင်ခွင့်နဲ့ အမိန့်ထုတ်ပြန်မှု ၈၀ ကိုတစ်နေ့တည်းမှာ လက်မှတ်ထိုးခဲ့ပါတယ်။ အဲ့ဒိထဲမှာ နိုင်ငံခြားကို အမေရိကန်ရဲ့အကူအညီတွေကို ရပ်ဖို့ အမိန့်ပါပါတယ်။ အီဂျစ်နဲ့ အစ္စရေးကို စစ်ရေးအကူအညီပေးနေတာနဲ့ အရေးပေါ်အစားအသောက်အကူအညီပေးရေး ပရောဂျတ်တွေ ကိုတော့ ခြွင်းချက်အနေနဲ့ ထားခဲ့ပါတယ်။ 

"ကျွန်ုပ်တို့ သုံးစွဲသည့် ဒေါ်လာတိုင်း၊ ကျွန်ုပ်တို့ ရန်ပုံငွေ အစီအစဉ်တိုင်း နဲ့  ကျွန်ုပ်တို့လိုက်လျောတဲ့ မူဝါဒတိုင်းက ရိုးရှင်းသောမေးခွန်းသုံးခု၏ အဖြေနှင့် တရားမျှတမှု ရှိရပါမယ်။ အမေရိကကို ပိုလုံခြုံစေသလား။ အမေရိကကို ပိုခိုင်မာစေသလား။ အမေရိကကို ပိုချမ်းသာစေမှာလား ပေါ်မှာပဲ မူတည်ပါတယ်” လို့ နိုင်ငံခြားရေးဝန်ကြီး ရူဘီယိုက ပြီးခဲ့သည့် သီတင်းပတ်က ပြောကြားခဲ့ပါတယ်။ 


REF - RT

#MNP #News #International #American

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)