မူဆယ် ဇန်နဝါရီ ၇
ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့၊ တရုတ်နိုင်ငံ ရွှေလီမြို့၌ မြန်မာ-တရုတ် နှစ်နိုင်ငံဖြတ်ကျော် မာရသွန်ပြိုင်ပွဲကို ဇန်နဝါရီ ၅ ရက် နံနက်ပိုင်းက ကျင်းပသည်။ မာရသွန်ပြိုင်ပွဲတွင် ၉၀၂၉ ဦး ဝင်ရောက်အပြေးပြိုင်ကြပြီး တာဝေး ၄၂၁ ဦး၊ တာဝက် ၁၉၆၅ ဦး၊ အပျော်တမ်း ၃၀၈၅ ဦး၊ နွေးထွေးသောချစ်ကြည်ရေး မာရသွန် ပြိုင်ပွဲအတွက် စာရင်းပေးထားသူ ၃၅၅၈ ဦး ဝင်ရောက်အပြေးပြိုင်ကြသည်။
အပျော်တမ်း နှင့် တာဝက်၊ တာဝေး ၂၃၈၆ ဦးထဲတွင် မြန်မာနိုင်ငံသား ၃၇၇ ဦး၊ တတိယ နိုင်ငံသား တစ်ဦး ဝင်ရောက်အပြေးပြိုင်ကြသည်။ အပြေးပြိုင်ပွဲကို ရွှေလီမြို့ နုန်မော်ဟူကန် (ပြတိုက်)မှစတင်တာလွှတ်ပြီး မြန်မာနိုင်ငံ နန်းတော်ဂိတ်ပေါက်ရှိ နယ်စပ်မှတ်တိုင် (၈၁)ကို ပတ်၍ နုန်မော်ဟူကန်(ပြတိုက်) တွင် ပန်းဝင်သည်။ မြန်မာနိုင်ငံမှ ဝင်ရောက် အပြေးပြိုင်သူများအား နှစ်နိုင်ငံချစ်ကြည် ရင်းနှီးမှု ပိုမိုတိုးတက်စေရန် ဆွေမျိုး ပေါက်ဖော် ချစ်ကြည်ရေးဖော်ဆောင်နိုင်ရန် အတွက် ပေါက်ဖော်ဆုများကိုလည်း ချီးမြှင့် ကြောင်း သိရသည်။
ချယ်ရီမြေ(မူဆယ်)
https://t.me/MyanmarNationalPost
No comments:
Post a Comment