အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် တိပိဋက ပါဠိ-မြန်မာ အဘိဓာန်များကို အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုခြင်းလုပ်ငန်း ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် တိပိဋက ပါဠိ-မြန်မာ အဘိဓာန်များကို အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုခြင်းလုပ်ငန်း ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ


ရန်ကုန်၊ ဇန်နဝါရီ ၂၇

အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်က ဆောင်ရွက်လျက်ရှိသည့် တိပိဋက ပါဠိ-မြန်မာ အဘိဓာန်များကို အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုခြင်းလုပ်ငန်း ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၅-၁-၂၀၂၇ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် Seminar Hall ၌ ကျင်းပသည်။

အစည်းအဝေးသို့ အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြု တက္ကသိုလ်ပါမောက္ခချုပ်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ မဟာဓမ္မကထိကဗဟုဇနဟိတဓရ ဒေါက်တာဘဒ္ဒန္တဆေကိန္ဒ အမှူးပြုသော သင်ကြားဆရာတော်ကြီးများ၊ တိပိဋက ပါဠိ-မြန်မာ အဘိဓာန် ဘာသာပြန်ဆိုရေးလုပ်ငန်းကော်မတီအဖွဲ့ဝင် ဆရာတော်များ ကြွရောက်တော်မူကြပြီး သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ ဒုတိယပါမောက္ခချုပ်(စီမံ)နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် အပြည်ပြည်ဆိုင်ရာထေရဝါဒ ဗုဒ္ဓသာသနာပြု တက္ကသိုလ် ပါမောက္ခချုပ်ဆရာတော်က အဖွင့်ဩဝါဒကထာ မိန့်ကြားတော်မူပြီး ပြည်ထောင်စုဝန်ကြီးက သာသနာရေးဆိုင်ရာများ လျှောက်ထားရာတွင် အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြု တက္ကသိုလ်အနေဖြင့် အဘိဓာန်ကျမ်းစာအုပ်များအား ၂၀၁၇ ခုနှစ်တွင် VOLUME-I (A-Uḷurāja) အား ပထမအကြိမ်အဖြစ် အုပ်ရေ ၁၀၀၀၊ ၂၀၂၃ ခုနှစ်တွင် VOLUME-II (Ka-Kvaci) အား အုပ်ရေ ၁၀၀၀ ပုံနှိပ်ထုတ်ဝေနိုင်ခဲ့ပြီးဖြစ်ပါကြောင်း၊ ထုတ်ဝေပြီးဖြစ်သော VOLUME-IIအတွဲ အမှတ် ၅ မှ ၈ အထိတွင် စာအုပ်အဖြစ်ထုတ်ဝေရန် ကျန်ရှိနေသည့် တည်ပုဒ်ပေါင်း ၃၀၀၂ ပုဒ်အား VOLUME-III အဖြစ် ထုတ်ဝေနိုင်ရန်လည်းကောင်း၊ အတွဲအမှတ် ၉ မှ ၁၂ အထိ ဘာသာပြန်ဆိုရန် ပုဒ်ပေါင်း ၄၃၉၀ ရှိသည့်အနက် ဘာသာပြန်ဆိုပြီး ပုဒ်ပေါင်း ၃၈၀၅ ပုဒ်တို့ကိုလည်း ပိုမိုသန့်စင်သည့် ဘာသာပြန်ဆိုပြီးသော တည်ပုဒ်များအဖြစ်လည်းကောင်း စိစစ်ဆောင်ရွက်လျက်ရှိသည်ကို သိရှိရပါကြောင်း၊ ယခုဆောင်ရွက်လျက်ရှိသော လုပ်ငန်းကြီးမှာ ထေရဝါဒဗုဒ္ဓသာသနာ ကမ္ဘာသို့ပျံ့နှံ့စေရန် လွန်စွာမှပင် အထောက်အကူပြုသည့် “ရတနာသိုက်ကြီးတစ်ခု”ကို ဖန်တီးတည်ဆောက်နေခြင်းပင်ဖြစ်ပါကြောင်း။

ဝန်ကြီးဌာနအနေဖြင့် အဋ္ဌကထာ၊ ဋီကာကျမ်း စာအုပ်များ ပုံနှိပ်ထုတ်ဝေရေးလုပ်ငန်းများ၊ ပိဋကတ်သုံးပုံပါဠိတော်အား အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုနိုင်ရေးလုပ်ငန်းများ၊ တိပိဋက ပါဠိ-မြန်မာ အဘိဓာန် များကို အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုခြင်းလုပ်ငန်းများနှင့် သဗ္ဗဇေယျ မင်္ဂလာပရိတ်တော်နှင့် ပါဠိ-မြန်မာ ဗုဒ္ဓစာပေများ ပုံနှိပ်ထုတ်ဝေခြင်းလုပ်ငန်းများအား ဆောင်ရွက်ရာမှာ စေတနာရှင်ရဟန်းရှင်လူ ပြည်သူများ၏ စုပေါင်းလှူဒါန်းငွေများဖြင့် ဆောင်ရွက်နေခြင်းဖြစ်ပါကြောင်း၊ အဆိုပါအလှူငွေများရရှိစေရန်အတွက်လည်း ပြည်တွင်း ပြည်ပမှ အလှူရှင်များအား မိမိတို့ဆောင်ရွက်လျက်ရှိသော “သမိုင်းတွင်မည့် မဟာကုသိုလ်တော်လုပ်ငန်းကိစ္စရပ်များ”အကြောင်း ပိုမိုကျယ်ပြန့်စွာ သိရှိစေရန်အတွက် လက်ကမ်းစာစောင်များအား အင်္ဂလိပ်ဘာသာဖြင့်လည်းကောင်း၊ မြန်မာဘာသာဖြင့်လည်းကောင်း အရေအတွက် ထောင်နှင့်ချီ၍ ရိုက်နှိပ်ဖြန့်ဝေလျက်ရှိပါကြောင်း၊ အလှူရှင်များကလည်း စေတနာထက်သန်စွာဖြင့် ဝန်ကြီးဌာနသို့ အလှူငွေများ ပေးပို့လှူဒါန်းလျက်ရှိပါကြောင်း၊ သို့ဖြစ်ရာ ယခုဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းအစီအစဉ်များနှင့်စပ်လျဉ်း၍ လိုအပ်သည့်ကိစ္စရပ်များအား ဝိုင်းဝန်းသုံးသပ်ဆွေးနွေးပေးတော်မူကြပါရန် လျှောက်ထားသည်။

ဆက်လက်၍ အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြု တက္ကသိုလ်၊ ဒုတိယပါမောက္ခချုပ်(စီမံ) ဦးဇော်ဇော်ဦးက တိပိဋက ပါဠိ-မြန်မာ အဘိဓာန်များကို အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုခြင်းလုပ်ငန်း တိုးတက်မှုများကို ရှင်းလင်းတင်ပြလျှောက်ထားရာ အစည်းအဝေးတက်ရောက်လာကြသည့် ဒုတိယပါမောက္ခချုပ် (သင်ကြား) ဆရာတော်နှင့် ပါမောက္ခဆရာတော်များက ညှိနှိုင်းဆွေးနွေးကြသည်။

ဆွေးနွေးချက်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးကာ ဖြည့်စွက်ဆွေးနွေးလျှောက်ထားပြီး ပါမောက္ခချုပ် ဆရာတော် ဒေါက်တာ ဘဒ္ဒန္တဆေကိန္ဒက နိဂုံးချုပ်ဩဝါဒကထာ မိန့်ကြားတော်မူသည်။ အစည်းအဝေးအပြီးတွင် ပြည်ထောင်စုဝန်ကြီးသည် အစည်းအဝေးသို့ ကြွရောက်တော်မူလာကြသော ဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီမှ သင်ကြားဆရာတော်၊ သီလရှင်များကို နဝကမ္မဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။


#MNP #News #Yangon

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)