မြန်မာနိုင်ငံနှင့် ဘယ်လာရုစ်သမ္မတနိုင်ငံတို့ပူးပေါင်း၍ ကင်ဆာ၊ ဦးနှောက်နှင့် အာရုံကြော ဆိုင်ရာဆေးဝါးများ၊ မျက်စဉ်းဆေးများ ပူးပေါင်းထုတ်လုပ်နိုင်ရေး ဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်မာနိုင်ငံနှင့် ဘယ်လာရုစ်သမ္မတနိုင်ငံတို့ပူးပေါင်း၍ ကင်ဆာ၊ ဦးနှောက်နှင့် အာရုံကြော ဆိုင်ရာဆေးဝါးများ၊ မျက်စဉ်းဆေးများ ပူးပေါင်းထုတ်လုပ်နိုင်ရေး ဆွေးနွေး


နေပြည်တော်၊ ဇန်နဝါရီ ၁၀

စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်သည် ယနေ့ မွန်းလွဲပိုင်းတွင် ဘယ်လာရုစ်သမ္မတနိုင်ငံ စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး Mr. Denis BAKEI ဦးဆောင် သည့် ကိုယ်စားလှယ်အဖွဲ့အား နေပြည်တော်ရှိ စက်မှုဝန်ကြီးဌာန ရုံးအမှတ်(၃၀)၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် ဘယ်လာရုစ်သမ္မတနိုင်ငံတို့ပူးပေါင်း၍ ကင်ဆာ၊ ဦးနှောက်နှင့် အာရုံကြော ဆိုင်ရာဆေးဝါးများ၊ မျက်စဉ်းဆေးများ ပူးပေါင်းထုတ်လုပ်နိုင်ရေးကိစ္စရပ်များ၊ လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များ၊ ကြွေထည်ပစ္စည်းထုတ်လုပ်ခြင်း၊ ရော်ဘာနှင့် ဆက်စပ်ပစ္စည်းများ ထုတ်လုပ်ခြင်းနည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ စက်မှု ဝန်ကြီးဌာနရှိ ဝန်ထမ်းများ ဘယ်လာရုစ်သမ္မတနိုင်ငံသို့ သင်တန်းများစေလွှတ်ရေးနှင့် လေ့ကျင့်သင်ကြား ပေးရေးကိစ္စရပ်များနှင့် အဝတ်အထည်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီး ပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။

တွေ့ဆုံပွဲ စက်မှုဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူ များ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)