ဇန်နဝါရီ - ၁၃ ( တနင်္လာနေ့ )
ရုရှားအပေါ် ချမှတ်ထားသော အနောက်အုပ်စု၏ ပိတ်ဆို့မှုများသည် ဂျာမန်ကုမ္ပဏီများကို “သတ်” ကာ အမေရိကန်စီးပွားရေးကို ကြွယ်ဝစေတယ်လို့ ဂျာမနီလက်ဝဲယိမ်း BSW ပါတီ၏ ခေါင်းဆောင် ဆာရာ ဝါဂျန်ကနက် က တနင်္ဂနွေနေ့ ရွေးကောက်ပွဲ ညီလာခံအတွင်း ပြောကြားခဲ့ပါတယ်။
ဆာရာ ဝါဂျန်ကနက်မဟာမိတ် - Reason and Justice (BSW) မှ ကိုယ်စားလှယ်များသည်
လာမည့်လတွင် ကျင်းပမည့် ဘန်ဒက်တက်ရွေးကောက်ပွဲအတွက် ပလပ်ဖောင်းကို လက်ခံကျင့်သုံးရန် ဘွန်းမြို့တွင် စုဝေးခဲ့ကြပါတယ်။
ယူကရိန်း-ရုရှား ပဋိပက္ခ ဆက်လက်ဖြစ်ပေါ်နေတာကို အလိုမရှိပါဘူး လို့ ပြောခဲ့ပါတယ်။ “လက်ရှိဖြစ်နေတဲ့ ပိတ်ဆို့အရေးယူမှုတွေက အကျင့်စာရိတ္တနဲ့ မဆိုင်ဘူး၊ လူ့အခွင့်အရေးနဲ့လည်း မဆိုင်ဘူး၊ ငြိမ်းချမ်းရေးကို မြတ်နိုးတာ ဘာမှမဆိုင်ဘူး၊ သူတို့က အမေရိကန်စီးပွားရေးအတွက် လှုံ့ဆော်ပေးတဲ့ အစီအစဉ်နဲ့ ဂျာမန်နဲ့ ဥရောပ ကုမ္ပဏီတွေ ကို သတ်ဖြတ်ဖို့အတွက်ဖြစ်နေတယ်" လို့ ၎င်းကဆိုပါတယ်။
ရုရှားနိုင်ငံမှ ဓာတ်ငွေ့တင်သွင်းမှုများကို ပြန်လည်ထူထောင်ရန်အတွက်လည်း သူမက တောင်းဆိုခဲ့ပါတယ်။ "ကျမတို့က ကျမတို့ရဲ့ စွမ်းအင်တင်သွင်းမှုကို အနိမ့်ဆုံးစျေးနှုန်းစံနှုန်းများနှင့် ရိုးရှင်းစွာ ချိတ်ဆက်ရမည်ဖြစ်ပြီး အဲ့ဒါကို ဈေးနှုန်းနှစ်ဆ ဆိုပြီးတော့ လုပ်လို့မရဘူး " လို့ သူမက ပြောကြားခဲ့ပါတယ် ။
သူမက ဝါရှင်တန်အစိုးရရဲ့ နိုင်ငံခြားရေးမူဝါဒကို ရှုတ်ချခဲ့ပြီး ကမ္ဘာတစ်ဝှမ်းရှိ "အမေရိကန် proxy စစ်ပွဲများ၏ သွေးလမ်းကြောင်း" အကြောင်းကို ပရိသတ်အား သတိပေးခဲ့ပါတယ်။ ဂျာမန်အဓိပတိသည် အမေရိကန်၏ “ကျွန်” မဖြစ်ရဘူးလို့ သူမက အလေးအနက် ပြောကြားခဲ့ပါတယ်။
BSW ပူးတွဲခေါင်းဆောင် အမီယာမိုဟာမက်အလီ ကလည်း ပါတီသည် "ခိုင်မာသော၊ တရားမျှတပြီး အချုပ်အခြာအာဏာပိုင်သော ဂျာမနီနိုင်ငံ" အတွက် ရပ်တည်ကြောင်း ပြောကြားခဲ့ပါတယ်။
လက်ယာယိမ်း Alternative for Germany (AfD) ပါတီသည် စနေနေ့က Saxony၊ Riesa တွင် ၎င်း၏ ညီလာခံကို ကျင်းပခဲ့ပါတယ်။
ကိုယ်စားလှယ်တွေက ရုရှားကို ရှုတ်ချတဲ့ အဆိုကို ပယ်ချပြီး ပဋိပက္ခကို သံတမန်နည်းအရ ဖြေရှင်းဖို့ တောင်းဆိုခဲ့ပါတယ်။
လက်ရှိကျင်းပမယ့် ရွေးကောက်ပွဲက ဘတ်ဂျက်အပေါ် သဘောထားကွဲလွဲမှုများကြောင့် ဂျာမနီ၏ အာဏာရသုံးပါတီညွန့်ပေါင်းအဖွဲ့ ပြိုကျပြီးနောက် လျှပ်တပြက် ရွေးကောက်ပွဲကို ကျင်းပခဲ့ခြင်းဖြစ်ပါတယ်။
REF - RT
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment