LA တောမီးနဲ့ ပတ်သက်ပြီး ပထမဆုံးလိုင်းပေါ်တင်ခဲ့တာက ပရီယန်ကာချော်ပရာတဲ့ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

LA တောမီးနဲ့ ပတ်သက်ပြီး ပထမဆုံးလိုင်းပေါ်တင်ခဲ့တာက ပရီယန်ကာချော်ပရာတဲ့


ဇန်နဝရီ - ၁၀ ( သောကြာနေ့ ) 

ပြီးခဲ့တဲ့အင်္ဂါနေ့က အမေရိကန်နိုင်ငံမြို့တော် လော့စ်အိန်ဂျလိစ် (LA) နားမှာ တောမီးအကြီးအကျယ် လောင်သွားတယ်။ ဆုံးရှုံးမှုကတော့ LAသမိုင်းမှာ အကြီးမားဆုံးပါပဲ။ ဟောလီဝုဒ်စတားတွေနဲ့ နိုင်ငံတကာက ဆယ်လီတွေ နေတဲ့ နေရာ၊ ကမ္ဘာ့ဇိမ်ခံပစ္ဏည်းတွေကို ဝယ်သုံးတဲ့ နေရာဆိုတော့ မီးထဲပါသွားတဲ့ ပစ္စည်းပစ္စယတွေရဲ့ တန်ဖိုးက မနည်းမနောပဲပေါ့။ 

LA တောမီး စတဲ့ညနေမှာပဲ ဘောလီးဝုဒ် နာမည်ကြီး မစ္စအင်တာနေရှင်နယ် သရဖူရခဲ့တဲ့ ပရိယန်ကာ ချော်ပရာက သူမရဲ့အိမ်ကနေ တောမီးကို ဗီဒီယိုရိုက်ပြီး လိုင်းပေါ်တင်ခဲ့ပါတယ်။ ဘောလီဝုဒ်က နာမည်ကြီး အကဘုရင်မ နိုရာဖာတီဟီရဲ့ အိမ်လည်း မီးထဲပါသွားလို့ အသည်းအသန်ထွက်ပြေးခဲ့ရတယ်တဲ့။ 

“ကျမက LA ကိုရောက်နေတာပါ။ အိမ်ကနေမြင်ရတဲ့ တောမီးတွေက ရူးသွားလောက်အောင်ကို ကြောက်စရာ ကောင်းတာပါ။  ဒီလိုမျိုး တစ်ခါမှ မတွေ့ဖူးဘူး။ တကယ့်ကို ကြောက်စရာကြီးပါ။ မီးမရောက်ခင် ၅ မိနစ် အလိုလောက်မှာ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရန် အမိန့်တစ်ခု ရရှိခဲ့ပါတယ်။ ဒါကြောင့် ပစ္စည်းတွေအားလုံးကို အမြန်ထုပ်ပိုးပြီး  ဒီနေရာကနေ ထွက်ခွာခဲ့ရတာပါ” လို့ နိုရာက သူမရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ တင်ခဲ့ပါတယ်။ 

“ နောက်ဆိုရင် လေယာဉ်ကွင်းနားကို ပြောင်းနေတော့မယ်။ အရေဟဲ့ အကြောင်းဟဲ့ ဆိုရင် လေယာဉ်နဲ့ထွက်ပြေး လို့ရအောင်၊ ကျမ မီးထဲတော့ အပါမခံနိုင်ဘူး။ ဒီလိုမျိုးတွေ တစ်ခါမှ မတွေ့ဘူးတော့ ကျမ ကြောက်လို့မဆုံးဘူး ဖြစ်နေတယ် ။ တကယ့်ကို ကပ်သီးမူးလဲလေးကို လွတ်သွားတာပါ။ LA ကလူတွေ ဘေးကင်းပါစေလို့ပဲ ကျမဆုတောင်းပါတယ်” လို့ ပြောသွားပါတယ်။ 

ပရီယန်ကာချော်ပရာကတော့ မီးနဲ့ သူမရဲ့ အိမ်က မိုင်အနည်းငယ်ဝေးပါတယ်။ ဗီဒီယိုဖိုင်တွေကို ရိုက်တင်ပြီး အားလုံးဘေးကင်းကြပါစေလို့ ဆုတောင်းပေးနေခဲ့ပါတယ်။ ဟောလီးဝုဒ်စတား တော်တော်များများရဲ့ အိမ်တွေ မီးထဲပါသွားပါတယ်။ လင်းနို့လူသား ဘန်အဖလစ် တစ်ယောက် မီးတောက်ကြီးတွေက သူ့အိမ်နားရောက်လာလို့ သူရဲ့ ဒေါ်လာသန်း ၂၀ တန်အိမ်ကြီးကို စွန့်ပစ်ခဲ့ရပါတယ်။ ပြီးမှ ကယ်ဆယ်ရေးစခန်းမှာ ဇနီးဟောင်းနဲ့ အမျိုးသမီး သူငယ်ချင်း ကို လိုက်ရှာခဲ့ရပါတယ်။ အော်စကာဆုများပိုင်ရှင် နာမည်ကြီး တွမ်ဟင့်ရဲ့ အိမ်မီးထဲ မပါသွားပေမဲ့ ဘေးလွှတ်ရာ ပြောင်းရွှေ့ဖို့ အမိန့်ပေးခံလိုက်ရပါတယ်။ 


REF - Hindustan Times

Join - https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)