ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီ (၁/၂၀၂၅) အစည်းအဝေး ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီ (၁/၂၀၂၅) အစည်းအဝေး ကျင်းပ


နေပြည်တော်၊ ဇန်နဝါရီ ၉

ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီ (၁/၂၀၂၅) အစည်းအဝေးကို ယမန်နေ့က နေပြည်တော်ရှိ စက်မှုဝန်ကြီးဌာန ရုံးအမှတ် (၃၀) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

အစည်းအဝေးသို့ ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ဒုတိယဥက္ကဋ္ဌ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာနတို့မှ ဒုတိယဝန်ကြီးများ၊ ဌာန ဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီး၊ ပြည်နယ်ဝန်ကြီးများက Virtual စနစ်ဖြင့် ပါဝင်တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲအောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် တက်ရောက်လာကြသည့် ဆပ်ကော်မတီဥက္ကဋ္ဌများနှင့် ကိုယ်စားလှယ်များ၏ အဆိုပြုတင်ပြလာမှုကို အတည်ပြုပြီးပါက ဖွဲ့စည်းပြီး လုပ်ငန်းတာဝန်အလိုက် စတင်ဆောင်ရွက်ကြရန်လိုကြောင်း၊ တိုင်းဒေသကြီး၊ ပြည်နယ်များကလည်း ဒေသတွင်း MSME များ၏ ထုတ်ကုန်နှင့် ဝန်ဆောင်မှုများကို စဉ်ဆက်မပြတ် မြှင့်တင်နိုင်ရန်၊ ပြည်ပသို့ ဈေးကွက်ချဲ့ထွင်နိုင်ရန်အတွက် ဒေသထွက်ကုန်များကို ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲတွင် လာရောက်ယှဉ်ပြိုင် ပြသရောင်းချခြင်းသည် အကျိုးရှိမည်ဟု ယုံကြည်ကြောင်း၊ ယခုဆွေးနွေးပွဲတွင် ကျင်းပရေးဦးစီးကော်မတီ၏ အတည်ပြုဆုံးဖြတ်ရန် ကိစ္စရပ်များကို ဆွေးနွေးအတည်ပြုမည်ဖြစ်သောကြောင့် တင်ပြလိုသည်များကို ပွင့်ပွင့်လင်းလင်းနှင့် လိုအပ်သည်များကို ဝိုင်းဝန်းအကြံပြုပေးရန် ပြောကြားသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌက MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲကျင်းပနိုင်ရေး ဆောင်ရွက်ထားရှိမှုအခြေအနေများကို တင်ပြသည်။

ယင်းနောက် ဒုတိယဝန်ကြီးများ၊ ဆပ်ကော်မတီဥက္ကဋ္ဌများ၊ တိုင်းဒေသကြီး၊ ပြည်နယ် MSME အေဂျင်စီဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများက ဆပ်ကော်မတီများ ဖွဲ့စည်းမှု၊ ဆပ်ကော်မတီအလိုက် အဆိုပြုဖွဲ့စည်းမိန့်နှင့် ဆောင်ရွက်မည့်လုပ်ငန်းတာဝန်များ၊ ပြခန်းများ နေရာချထားမှုနှင့် ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၊ တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် ပြခန်းများနှင့် ရိုးရာစားသောက်ခန်းများ ပါဝင်ပြသရောင်းချမည့်အခြေအနေများကို ဆွေးနွေးတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)