မြေရှားတွေကို မပေးနိုင်ဘူးလို့ ဇီလန်စကီးပြောပြီ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြေရှားတွေကို မပေးနိုင်ဘူးလို့ ဇီလန်စကီးပြောပြီ



ဖေဖော်ဝါရီ - ၁၅ ( စနေနေ့ ) 

အမေရိကန်က ယူကရိန်းကို အကူအညီဆက်ပေးရမယ်ဆိုရင် ယူကရိန်းနိုင်ငံမှာရှိတဲ့ မြေရှားသတ္တုတွေကို တူးဖော်ခွင့် ပေးရမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ တောင်းဆိုချက်ကို မလိုက်လျောနိုင်တဲ့အပြင် လက်မှတ်လည်း မထိုးပေးနိုင်ဘူးလို့ ယူကရိန်းသမ္မတ ဇီလန်စကီးက ပြောတယ်ဆိုပြီး ဝါရှင်တန်ပို့စ်နဲ့ ရိုက်တာသတင်းဌာနတွေမှာ ဖော်ပြခဲ့ပါတယ်။ 

ယူကရိန်းမှာက တိုက်တေနီယံ နဲ့ လစ်သီယံ မြေရှားသတ္တုသိုက်တွေရှိပါတယ်။ အဲ့ဒိသတ္တုတွေက ကာကွယ်ရေး၊ အဆင့်မြင့်နည်းပညာနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အစိမ်းရောင်စွမ်းအင် စက်မှုလုပ်ငန်းအတွက် မရှိမဖြစ်လိုအပ်ပါတယ်။ ယူကရိန်းကနေ အမေရိကန်က တူးဖော်ယူပြီး ကမ္ဘာ့စွမ်းအင်ထုတ်လုပ်မှု လုပ်ငန်းမှာ အသုံးပြုမှာဖြစ်ပါတယ်။ စစ်ပွဲကြောင့်စုတ်ပြတ်သွားပြီဖြစ်တဲ့ ယူကရိန်းနိုင်ငံ ကာကွယ်ရေးနဲ့ ပြန်လည်တည်ဆောက်ရေးမှာ အမေရိကန်ရဲ့ အကူအညီအများကြီးလိုပါတယ်။ အဲ့ဒိအကူအညီအတွက် အာမခံတစ်စုံတစ်ရာ ရဖို့ ဒေါ်နယ်ထရမ့်က ယူကရိန်းမြေရှားတွေကို ပြန်ပေးရမယ်လို့ ဒီလအစောပိုင်းကတည်းက ရှင်းရှင်းလင်းလင်း ပြောထာပါတယ်။ 

ယူကရိန်းအစိုးရက အခြားမြေရှားသတ္တုတွေဖြစ်တဲ့ ဘီရီလီယမ်၊ မန်းဂနိစ်၊ ဂယ်လီယမ်၊ ယူရေနီယမ်၊ ဇာကွန်နီယမ်၊ ဂရပ်ဖိုက်၊ အာပတ်တိ၊ ဖလိုရိုက်နှင့် နီကယ်သတ္တုများ တူးဖော်ခွင့်ကိစ္စကိုလည်း ပြန်လည်စဉ်းစားနေပါတယ်။ မနေ့က ကျင်းပပြုလုပ်တဲ့ မြူးနစ်လုံခြုံရေး ညီလာခံမှာ ဥပဒေပြုအမတ် အများအပြားသည် ယူကရိန်း၏အနာဂတ် တွင်းထွက်သတ္တုသိုက်များရဲ့  ၅၀ % ကို အမေရိကန်အတွက် လုပ်ပိုင်ခွင့်များ ပေးဆောင်ရန် လက်မှတ်ရေးထိုးစေလိုသော စာချုပ်ကို အမေရိကန်ကွန်ဂရက်လွှတ်တော် ကိုယ်စားလှယ်အဖွဲ့က ဇီလန်စကီးကို တင်ပြခဲ့ပါတယ်။ အဲ့ဒိစာချုပ်ကို ဇီလန်စကီးက ယဉ်ကျေးစွာ ငြင်းပယ်လိုက်တယ်လို့ သိရပါတယ်။ 

အမေရိကန်ကိုယ်စားလှယ်တွေနဲ့ ယူကရိန်း ကိုယ်စားလှယ်တွေ မိနစ်၉၀ ကြာတွေ့ဆုံခဲ့ပြီး အဲ့ဒိကိစ္စကို တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ အမည်မဖော်လိုတဲ့ ယူကရိန်းကိုယ်စားလှယ်တစ်ယောက်က ရိုက်တာသတင်းဌာနကို ပြောခဲ့ပါတယ်။ ဇီလန်စကီးက အဲ့ဒိကိစ္စကို လက်မှတ်မထိုးပေးနိုင်ကြောင်းနဲ့ နောက်ထပ်အသေးစိတ် အချက်အလက်တွေ လိုသေးတယ်လို့လည်း ပြောပါတယ်။ ဗုဒ္ဓဟူးနေ့ကတော့ အမေရိကန်ဘဏ္ဍာရေးဝန်ကြီးက စာချုပ်မူကြမ်းကို ဇီလန်စကီးကို ပြခဲ့ပါတယ်။ အဲ့တုန်းကတော့ ဇီလန်စကီးက သဘောတူနိုင်တယ်လို့ ဆိုခဲ့ပေမဲ့ ဒီနေ့တော့ မဟုတ်ဘူး ဖြစ်သွားပါတယ်။ ယူကရိန်းရဲ့ မြေရှားသတ္တုသိုက်အများစုက တိုင်းပြည်အရှေ့ပိုင်းက ခွဲထွက်သမားတွေနေတဲ့ ဒွန်ဘားစ်ဒေသမှာ ရှိပြီး အဲ့ဒိဒေသတွေကို ရုရှားက သိမ်းထားပါတယ်။ ကန်ဒေါ်လာ သန်းပေါင်း ၇ သန်းကျော်တန်တယ်လို့ သိရပါတယ်။ 


REF: RT

#MNP #News 

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)