ရွှေဘိုအနောက်ခြမ်း ပြည်သူ့စစ်ဖွဲ့စည်းထားသော ကျေးရွာများ၏ စားနပ်ရိက္ခာအခဲကို တင်ပြခြင်း (အိတ်ဖွင့်ပေးစာ) - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေဘိုအနောက်ခြမ်း ပြည်သူ့စစ်ဖွဲ့စည်းထားသော ကျေးရွာများ၏ စားနပ်ရိက္ခာအခဲကို တင်ပြခြင်း (အိတ်ဖွင့်ပေးစာ)



စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ် အနောက်ခြမ်းမှာရှိတဲ့ ညောင်ကိုင်းပြည်သူ့စစ်ရွာအကြောင်း အခတ်အခဲဖြစ်နေရပုံများကို မီဒီယာများမှတစ်ဆင့်  သက်ဆိုင်ရာလူကြီးမင်းများ သိရှိနိုင်ပါရန် တင်ပြအကူအညီတောင်းခံရခြင်း ဖြစ်ပါတယ်။

ညောင်ကိုင်းပြည်သူ့စစ်ကျေးရွာမှာ ညောင်ကိုး ပသစအဖွဲ့၊ ကူတိုးဆိပ် ပသစအဖွဲ့၊ ညောင်ပင်လှ ပသစအဖွဲ့၊ ညောင်ကိုင်းနဲ့ မီတာ (၁၅၀၀)လောက်အကွာမှာ တည်သီးတော ပသစအဖွဲ့ ဆိုပြီးလေးရွာစုဖွဲ့ပြီး ကျေးရွာနှင့်နယ်မြေလုံခြုံရေးကို တက်နိုင်သမျှ ဆောင်ရွက်လျှက်ရှိပါတယ်။

ကြုံတွေ့နေရတဲ့ အခတ်အခဲကတော့ဖြင့် စားနပ်ရိက္ခာ ပြတ်လပ်နေခြင်းပဲ ဖြစ်ပါတယ်ဗျ။ ၂၀၂၄ ခုနှစ်တစ်နှစ်လုံး ရိက္ခာလုံးဝ မရရှိသေးပါ။ ၂၇.၇.၂၀၂၄ရက်နေ့က ကျေးရွာသို့ လမ်းကြောင်းရှိရျ် ဆန်အိတ် (၁၅၀)အိတ် ရောက်ရှိခဲ့ပေမယ့် တပ်နယ်မှ မပေးနိုင်ရျ် မိမိတို့အစီအစဉ်ဖြင့် ဝယ်ယူခဲ့ရပါတယ်။

၁၅.၁၁.၂၀၂၄မှစပြီး ရိက္ခာပြတ်လပ်နေကြောင်း ရွှေဘိုတပ်နယ်သို့ တင်ပြခဲ့ပြီးဖြစ်ပါတယ်။၂၀.၁၁.၂၀၂၄မှစရျ် ဆန်နှင့်ပဲ ရောရျ် ချက်စားခဲ့ရပါတယ်။၂.၁.၂၀၂၅မှ ယနေ့အထိ အမဲသား(နွားသား)နှင့် ပဲရောရျ် ချက်စားနေရပါသည်။ 

အထက်ပါအကြောင်းအရာများကို တိုင်းဒေသကြီး ပြည်သူ့စစ်အဖွဲ့ရုံးသို့လည်း (၂၁.၁.၂၀၂၅)ရက်နေ့တွင် သတင်းပို့ပြီး ဖြစ်ပါသည်။

၃၁.၁.၂၀၂၅ရက်နေ့မှာ ရွှေဘိုတပ်နယ်မှ ရိက္ခာလမ်းကြောင်းအတွက် စစ်ကြောင်းစီစဉ်ရျ် စေလွှတ်လိုက်ပါတယ်။ အဲ့ဒီစစ်ကြောင်းကလည်း ယခုအချိန်အထိ ဇီးဖြူကုန်းကျေးရွာမှနေပြီး ရှေ့သို့မတိုးနိုင်ပဲ ဖြစ်နေရပါတယ်။ ရန်သူအကြမ်းဖက်များက အင်းအားအလုံးအရင်း၊ ဒရုန်းအစီးရေ (၁၅)စီးလောက်နဲ့ အသင့်နေရာယူ စောင်းဆိုင်းနေတာဖြစ်ပါတယ်။ 

ရွှေဘိုအနောက်ခြမ်းက မြို့သာ၊ နှမစားရစ်၊ ရွာဆိုး၊ ပေါက်ချိုင်၊ ထနောင်းကိုင်း၊ သောင်ထွဋ်ကိုင်း၊ ကူတိုးဆိပ်၊ ဆင်အင်းစတဲ့ကျေးရွာများမှာ အကြမ်းဖက် PDFတွေက နေရာယူ ပိတ်ဆို့ထားပါတယ်။ ယင်းကျေးရွာများမှာ နေရာယူစိုးမိုးထားတဲ့ အကြမ်းဖက်တွေကို အရင်ဆုံးသုတ်သင်ရှင်းလင်းနိုင်မှသာ ကျနော်တို့စီကို ရိက္ခာအဆင်ပြေစွာ ရောက်ရှိနိုင်မှာ ဖြစ်ပါတယ်။ စစ်ကြောင်းထိုးရှင်းလင်းနိုင်ခြင်း မရှိသေးပါကလည်း အခြားမြို့ရွာများကဲ့သို့ လေကြောင်းမှ ရိက္ခာချပေးနိုင်ပါရန် နိုင်ငံတော်အကြီးအကဲများနှင့် စစ်ကိုင်းတိုင်းဝန်ကြီးချုပ်၊ နမခတိုင်းမှူးတို့မှ အမြန်ဆုံး ကူညီစောင်းရှောက်ပေးပါရန် မီဒီယာများမှတစ်ဆင့် အသနားခံ တင်ပြအပ်ပါသည်။

အထက်ပါသတင်းအချက်များနှင့် ပတ်သက်ရျ် အကြောင်းတစ်စုံတစ်ရာ ပေါ်ပေါက်လာပါက ကျနော်တို့မှ တာဝန်ယူ ဖြေရှင်းပေးပါမည်။


ပြည်သူ့စစ်ဦးဆောင်များ


#News #MNP #OpenLetter

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)