တောင်တရုတ်ပင်လယ်ပေါ်က ဩစတေးလျှ စပိုင်ဂျက်ကို တရုတ်တိုက်လေယာဉ်က မီးပန်းနဲ့ ကျဲချ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်တရုတ်ပင်လယ်ပေါ်က ဩစတေးလျှ စပိုင်ဂျက်ကို တရုတ်တိုက်လေယာဉ်က မီးပန်းနဲ့ ကျဲချ




ဖေဖော်ဝါရီ - ၁၄ ( သောကြာနေ့ ) 

တောင်တရုတ်ပင်လယ်ပေါ်က နိုင်ငံတကာလေပိုင်နက်ထဲမှာ သွားနေတဲ့ ဩစတေးလျှ စပိုင်လေယာဉ်တစ်စင်းကို တရုတ် တိုက်လေယာဉ်က မီးပန်းတွေနဲ့ ကျဲချလိုက်တဲ့အတွက် ဩစတေးလျှသားတွေ မကျေမနပ်ဖြစ်ပြီး ပေါက်ကွဲနေပါတယ်။ 

တရုတ် J-16 တိုက်လေယာဉ်က မီးပန်းများကို ကျဲချလိုက်ပေမဲ့ P-8 ဩစတေးလျှ စပိုင်ဂျက်ကို လာရောက်ပြီး မထိခိုက်လို့ လေယာဉ်ပေါ်ပါ ခရီးသည် ၉ ဦးလုံး ဘေးအန္တရာယ်ကနေလွတ်သွားခဲ့ပါတယ်။ “သူတို့တွေက ကျနော်တို့ လေယာဉ်နားကို ကပ်လာပြီး မီးပန်းတွေ ကျဲသွားတာပါ။ တကယ်လို့ အဲ့ဒိမီးပန်းတွေထဲက တစ်ခုခုလာပြီးသာ ကျနော်တို့ လေယာဉ်ကို လာပြီး ထိမှန်မယ် ဆိုရင် ကျနော်တို့ ဒုက္ခများသွားနိုင်ပါတယ်” လို့ လေယာဉ်ပေါ်လိုက်ပါလာသူ မာလီက ဆိုပါတယ်။ 

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဂေါင်ကျီကန် က သြစတြေးလျ စစ်လေယာဉ်သည် အငြင်းပွားနေသော  ပါရာဆယ် ကျွန်းများပေါ်ရှိ ဝေဟင်ပိုင်နက်အတွင်းသို့ တမင်တကာ ကျူးကျော်ဝင်ရောက် ခဲ့ကြောင်း စွပ်စွဲခဲ့ပါတယ်။ "လေယာဉ်ကို မောင်းထုတ်ဖို့ တရုတ်ရဲ့ အစီအမံတွေက တရားဝင်၊ ဥပဒေနဲ့အညီ၊ ပရော်ဖက်ရှင်နယ်နဲ့ ထိန်းထိန်းသိမ်းသိမ်းလုပ်တာပါ" လို့ ဂေါင် က ပြောပါတယ်။

ဩစတေးလျသားတွေက ၎င်း၏မြို့တော် ကင်ဘာရာနှင့် တရုတ်မြို့တော် ဘေဂျင်းတို့တွင် ဗုဒ္ဓဟူးနေ့နှင့် ကြာသပတေးနေ့များတွင် ဆန္ဒပြခဲ့ကြောင်း မာလီ က ပြောကြားခဲ့ပါတယ်။ သူတို့က တရုတ်လေယာဉ်မှူးနှစ်ဦး သည် လေယာဉ်နှင့်ဝန်ထမ်းများကို အန္တရာယ်ဖြစ်စေတဲ့ လုပ်ရပ်တွေ လုပ်ခဲ့ပြီး  ပရော်ဖက်ရှင်နယ်မဆန်သော လုပ်ရပ်လို့  စွပ်စွဲပြောဆိုခဲ့ပါတယ်။  


REF: CBS News

#MNP #News #International

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)