တရုတ်နိုင်ငံမှာလည်း ကလေးမွေးနှုန်း ကျဆင်းလို့ အစိုးရပိုင်းက စီမံကိန်းတွေ လုပ်နေရပြီ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တရုတ်နိုင်ငံမှာလည်း ကလေးမွေးနှုန်း ကျဆင်းလို့ အစိုးရပိုင်းက စီမံကိန်းတွေ လုပ်နေရပြီ


ဖေဖော်ဝါရီ - ၃ ( တနင်္လာနေ့ ) 

ကလေးမွေးဖွားနှုန်းကျဆင်းမှုတွင် ဂျပန် နှင့် တောင်ကိုရီးယားပြီးလျှင် တရုတ်နိုင်ငံဆက်လိုက်လာပြီဖြစ်လို့ အစိုးရပိုင်းက စီမံကိန်းတွေ စတင်ရေးဆွဲနေရပြီလို့သိရပါတယ်။ တရုတ်ကလေးမွေးဖွားနှုန်းက ၂၀၂၂ နှစ်ကနေ စတင်ကျဆင်းနေတာဖြစ်ပြီ ယခုဆိုရင် ၃ နှစ်ဆက်တိုက် ကျဆင်းနေတာပဲ ဖြစ်သည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံကို ၁၉၄၉ ခုနှစ်မှာ စတင်းတည်ထောင်ခဲ့ပါတယ်။ အဲ့ဒိကတည်ကနေ ဒီနေ့အထိ တောက်လျှောက် ကလေးမွေးနှုန်း တိုးနေရာက ကိုဗစ်ဖြစ်ပြီး နောက်ပိုင်းမှာ စပြီး မွေးဖွားနှုန်း ကျဆင်လာခဲ့ပါတယ်။ တရုတ်လူဦးရေက သန်း ၁၄၁၁  ကျော် ရှိခဲ့တာကို မနှစ်က နှစ်ကုန်တိုင်းတာမှုအရ သန်း၁၄၀၈ ပဲရှိပါတယ်။ လူဦးရေ ၁သန်းကျော် လျှော့နည်းသွားခဲ့ပါတယ်။ ကလေးမွေးဖွားမှုနှုန်းက တစ်နှစ်ကို ၁၀ သန်းအောက်ကျဆင်းသွားပါတယ်။ မွေးဖွားနှုန်းကျဆင်းသွားစရာ လမ်းကြောင်းကလည်း ရှိနေပါတယ်။ 

ကုလသမဂ္ဂ၏ အဆိုအရ တရုတ်နိုင်ငံ၏ လူဦးရေသည် ရာစုနှစ်အကုန်တွင် ထက်ဝက် ၆၃၃ သန်းအထိ ကျဆင်းသွားနိုင်တယ်လို့ ခန့်မှန်းထားကြောင်း သိရပါတယ်။  လူဦးရေဆိုတာက အမျိုးသားဦးရေအင်အားကို အဆုံးအဖြတ်ပေးသည့် ယုံကြည်ချက်အပေါ် အခြေခံ၍ တရုတ်နိုင်ငံသည် နိုင်ငံတော်၏ ဦးဆောင်မှုအောက်တွင် လူဦးရေအဆင့်ကို ထိန်းချုပ်ရန် ကြိုးပမ်းခဲ့ပါတယ်။ နိုင်ငံထူထောင်ချိန်က ကလေးမွေးဖွားခြင်းကို အားပေးခဲ့သော်လည်း လူဦးရေ ပေါက်ကွဲလာမှုအပေါ် စိုးရိမ်မှုများကြောင့် တရုတ်အစိုးရက တစ်အိမ်ထောင် ကလေးတစ်ယောက် မူဝါဒကို ၁၉၇၉ ခုနှစ်တွင် မိတ်ဆက်ခဲ့ပြီး လူဦးရေတိုးပွားမှုကို တားဆီးရန် လမ်းစကို ထိန်းကျောင်းခဲ့ပါတယ်။ 

သို့သော် ၂၀၀၀ ပြည့်နှစ်များတွင် အလုပ်သမားရှားပါးမှုနှင့် ကလေးမွေးဖွားနှုန်းနည်းပါးခြင်းကြောင့် ဖြစ်ပေါ်လာသော စီးပွားရေးတိုးတက်မှုအပေါ် သက်ရောက်မှုများကို ပြင်းထန်စွာဖြစ်ပေါ်လာလို့ ဖြေရှင်းပေးရန် တောင်းဆိုမှုများ ပြင်းထန်လာခဲ့ပါတယ်။

ထို့ကြောင့် တရုတ်အစိုးရသည် ၎င်း၏ တစ်အိမ်ထောင် ကလေးတစ်ယောက် မူဝါဒကို ၂၀၁၆ ခုနှစ်တွင် ဖြေလျှော့ပေးခဲ့ပါတယ်။ ၂၀၂၁ ခုနှစ်တွင် တတိယမြောက် ကလေးမွေးဖွားခွင့် ကို ပေးခဲ့ပါတယ်။ ဒါပေမဲ့ အဲ့လိုဖြေလျှော့မှုတွေ ပေးပေမဲ့လည်း ယနေ့အချိန်အထိ ကလေးမွေးဖွားမှု တိုးလာခြင်းမရှိသေးပါဘူး ။ 

ကလေးထိန်းကျောင်းစရိတ်နှင့် ပညာရေးစရိတ်များ အလွန်ကြီးသောကြောင့် ကလေးတစ်ဦးရှိ လာရင် အလုပ်တွေပိုလုပ်ရတယ်လို့ လူအများက ယူဆလာကြပါတယ်။

အဲ့ဒါကို တုံ့ပြန်သည့်အနေဖြင့် တရုတ်သမ္မတ ရှီကျင့်ဖျင်က အိမ်ထောင်ရေး၊ ချစ်ခြင်းမေတ္တာနှင့် ကလေးမွေးဖွားခြင်းဆိုင်ရာ လူငယ်များ၏ အမြင်များကို ခိုင်မာစေရန် လမ်းညွှန်ချက်တွေ ထုတ်ပေးနေပါတယ်။ ပြီးခဲ့သည့် ဆောင်းဦးရာသီတွင် တရုတ်အစိုးရသည် မီးဖွားခြင်းနှင့် ကလေးထိန်းခွင့်စနစ် ပိုမိုကောင်းမွန်လာစေရန်နှင့် နေ့ထိန်းဝန်ဆောင်မှုများ တိုးမြှင့်ပေးခြင်းစသည့် အစီအမံများကို စတင်ခဲ့တယ်လို့ သိရပါတယ်။ 


REF - the Japan news

#MNP #News #International

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)