တာချီလိတ်၊ ဖေဖော်ဝါရီ ၁၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ငွေများပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက် ၁၁ နာရီက ခရိုင်/မြိုနယ်စုပေါင်းရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းကိုက အဖွင့်အမှာစကားပြောကြားပြီး အကြမ်းဖက်ဖြစ်စဉ်များကြောင့် တာချီလိတ်မြို့၊ မိုင်းဖြတ်မြို့နယ်များသို့ ရောက်ရှိလာသော ယာယီနေရပ်စွန့်ခွာပြည်သူများအား ပေးအပ်မည့် ထောက်ပံ့ငွေကို တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မိုင်းဖြတ်မြို့နယ်အုပ်ချုပ်ရေးမှူးတို့အား လွှဲပြောင်းပေးအပ်ခဲ့သည်။
ထို့နောက် တာချီလိတ်မြို့နယ်အတွင်းရောက်ရှိနေသည့် ယာယီနေရပ်စွန့်ခွာပြည်သူ ၁၆၇ ဦးနှင့် မိုင်းဖြတ်မြို့မှ ၃၃ ဦး၊ စုစုပေါင်း ၂၀၀ ဦးတို့အား တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စွာမျိုးနှင့် မိုင်းဖြတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမျိုးတို့က တစ်ဦးလျှင် ထောက်ပံ့ငွေကျပ် ၂၀၀၀၀ ပေးအပ်ခဲ့သည်။
အဆိုပါ ထောက်ပံ့ငွေများကို အကြမ်းဖက်ဖြစ်စဉ်များကြောင့် တာချီလိတ်မြို့နှင့် မိုင်းဖြတ်မြို့နယ်များသို့ ရောက်ရှိလာသော ယာယီနေရပ်စွန့်ခွာပြည်သူ ၂၀၀ ဦးအတွက် နိုင်ငံတော်မှ စုစုပေါင်းငွေကျပ် သိန်း ၄၀ ကို တစ်ဦးလျှင် ငွေကျပ် ၂၀၀၀၀ နှုန်းဖြင့် လစဉ်ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်ဇေယျာလင်း
#News #MNP
https://t.me/MyanmarNationalPost
No comments:
Post a Comment