မဟာအောင်မြေ၊ ဖေဖော်ဝါရီ ၁၂
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလာသီရိအားကစားကွင်းတွင် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါပွဲသို့ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့်ဇနီး၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် ကျော်ကိုထိုက်၊ တပ်နယ်မှူး ဗိုလ်မှူးချုပ် သိန်းထွန်းတင့်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေလင်းစိုးနှင့်ဇနီး၊ တိုင်းတရားသူကြီးချုပ် ဒေါ်ခင်သင်းဝေ၊ မြို့တော်ဝန်စည်ပင်သာယာရေးရာဝန်ကြီး ဦးကျော်ဆန်းနှင့်ဇနီး၊ စီးပွားရေးဝန်ကြီး ဦးသိန်းဌေးနှင့်ဇနီး၊ သယံဇာတဝန်ကြီး ဦးရွှေဇင်နှင့်ဇနီး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်ဦးနှင့်ဇနီး၊ လူမှုရေးဝန်ကြီး ဦးအောင်ကျော်မိုးနှင့်ဇနီး၊ ဥပဒေချုပ် ဦးမြင့်အောင်နှင့်ဇနီး၊ မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် ဝင်းဗိုလ်၊ တိုင်းအထွေထွေအုပ်ချုပ်ရေးမှူး ဦးဝေဇင်ထွန်းနှင့်ဇနီး၊ မန္တလေးအခြေစိုက် တရုတ်ကောင်စစ် ဝန်ချုပ် Ms.Gao Ping၊ မန္တလေးအခြေစိုက်အိန္ဒိယကောင်စစ်ဝန်ချုပ် Mr. Sundeep Kaushal Consul General ၊ အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ တိုင်းရင်းသား တိုင်းရင်းသူများ၊ တက္ကသိုလ်၊ နည်းပညာကောလိပ်၊ အခြေခံပညာကျောင်းမှ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ၊ မိခင်နှင့်ကလေးအဖွဲ့များ၊ စစ်မှုထမ်းဟောင်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဖိတ်ကြားထားသူများ၊ တပ်မတော်ဂုဏ်ပြုတပ်ဖွဲ့ဝင်များ၊ ဖိတ်ကြားထားသူများ စုစုပေါင်း (၇၀၀) ဦးခန့်တက်ရောက်ခဲ့ကြောင်းနှင့် အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမျိုးအောင်မှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှပေးပို့သည့် ပြည်ထောင်စုနေ့သဝဏ်လွှာကို ဖတ်ကြားခဲ့ပြီး တက်ရောက်လာသူများကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်းသိရသည်။
အောင်ဇော်မင်း
#News #MNP
https://t.me/MyanmarNationalPost
No comments:
Post a Comment