အင်္ဂပူမြို့နယ်၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် ပုသိမ်တက္ကသိုလ်မှ ပါမောက္ခများ၊ တွဲဖက်ပါ‌မောက္ခများ၊ ကထိကများမှ ဘာသာရပ်အလိုက် သင်ကြားပို့ချပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အင်္ဂပူမြို့နယ်၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် ပုသိမ်တက္ကသိုလ်မှ ပါမောက္ခများ၊ တွဲဖက်ပါ‌မောက္ခများ၊ ကထိကများမှ ဘာသာရပ်အလိုက် သင်ကြားပို့ချပေး




အင်္ဂပူ၊ ဖေဖော်ဝါရီ ၆

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးနှင့် အမှတ်‌ပေးစည်းမျဥ်းနှင့်အညီ‌ ဖြေဆိုနိုင်စေရေးအတွက် ပုသိမ်တက္ကသိုလ်မှ ပါမောက္ခများ၊ တွဲဖက်ပါ‌မောက္ခများ၊ ကထိကများမှ ဘာသာရပ်အလိုက် သင်ကြားပို့ချသည့်ခြင်းကို ယနေ့နံနက် (၁၀) နာရီက အ-ထ-က(အင်္ဂပူ) ‌ငုရွှေဝါခန်းမ၌ STEAMS(1)၊ (2)အဖွဲ့အားလည်းကောင်း၊ ပြည်သူ့အားကစားခန်းမ၌ STAMS(1)အဖွဲ့အားလည်းကောင်း သင်ကြားပို့ချခဲ့သည်။

ဘာသာရပ်အလိုက် သင်ကြားပို့ချမှုအား ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၏ လမ်းညွှန်ချက်ဖြင့် မြန်အောင်ခရိုင် ပညာရေးမှူးရုံးမှ စီစဉ်ဆောင်ရွက်သည့် ပုသိမ်တက္ကသိုလ်မှပါမောက္ခ ဒေါက်တာကျော်မင်း (သမိုင်းဌာန)ဦးဆောင်သော ပါမောက္ခများ၊ တွဲဖက်ပါမောက္ခများ၊ ကထိကများပါဝင်သည့် ဆရာ၊ ဆရာမကြီးများ၊ မြို့နယ်ပညာရေးမှူး‌ ဒေါ်ချိုချိုခိုင်တို့ပူပေါင်း၍ အင်္ဂပူမြို့နယ်အတွင်းရှိ  အခြေခံပညာကျောင်းများနှင့် ကိုယ်ပိုင်‌ကျောင်းတို့မှ Grade 12 ကျောင်းသား၊ ကျောင်းသူ (၁၁၀၀)ဦးခန့်အား ဘာသာရပ်အလိုက် သင်ကြားပို့ချခဲ့ကြသည်။

အဆိုပါ ဘာသာရပ်အလိုက် သင်ကြားပို့ချ‌နေမှုကို မြန်အောင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင်နှင့် အဖွဲ့ဝင်များ၊ မြန်အောင်ခရိုင် ပညာရေးမှူး ဆရာကြီးဦးမြင့်‌အောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့် အဖွဲ့ဝင်များက ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များအား‌ လမ်းညွှန်မှာကြားကြောင်း သိရသည်။


မန်းကျော်

#MNP #News 

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)