စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာ-သူနာပြုနှင့် သားဖွားသင်တန်းကျောင်း အပတ်စဉ်(၃၁) သူနာပြု-သားဖွားဒီပလိုမာ သင်တန်းသား/သူများ၏ မောင်မယ် သစ်လွင်ကြိုဆိုပွဲ အခမ်းအနားတက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာ-သူနာပြုနှင့် သားဖွားသင်တန်းကျောင်း အပတ်စဉ်(၃၁) သူနာပြု-သားဖွားဒီပလိုမာ သင်တန်းသား/သူများ၏ မောင်မယ် သစ်လွင်ကြိုဆိုပွဲ အခမ်းအနားတက်ရောက်



မုံရွာ၊ ဖေဖော်ဝါရီ ၇

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာ-သူနာပြုနှင့် သားဖွားသင်တန်းကျောင်း အပတ်စဉ် (၃၁) သူနာပြု-သားဖွားဒီပလိုမာ သင်တန်းသား/သူများ၏ မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် အဆိုပါကျောင်းရှိ သင်တန်းကျောင်းခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီးကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူးနှင့် တာဝန်ရှိသူများ၊ မုံရွာမြို့ ကုတင် ၅၀၀ ဆံ့၊ ပြည်သူ့ဆေးရုံးကြီးမှ ဆေးရုံအုပ်ကြီးနှင့် သူနာပြုအုပ်ကြီးများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က ပြည်သူအားလုံး ကျန်းမာကြံ့ခိုင်ရေးအတွက် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် သူနာပြုများ၏ အခန်းကဏ္ဍသည် အလွန်ပင်အရေးကြီးပါကြောင်း၊ ပြည်သူ့အကျိုးပြု သူနာပြုကောင်းများဖြစ်အောင် ယခုအချိန်ကတည်းစပြီး စာတွေ့၊ လက်တွေ့များအား စဉ်ဆက်မပြတ် ဆည်းပူးလေ့လာသွားကြရန် လိုအပ်ပါကြောင်း၊ သင်တန်းကာလတစ်လျှောက်လုံးတွင်လည်း သိမ့်မွေ့နက်နဲပြီး အမြဲတိုးတက်ပြောင်းလဲနေသည့် သူနာပြုစုမှု ပညာရပ်များအား မျက်ခြေမပြတ် လေ့လာသွားကြရန် လိုအပ်ပါကြောင်း၊ သူနာပြုစုခြင်းလုပ်ငန်းသည် ကုသိုလ်လဲရ ဝမ်းလည်းဝသည့် မြင့်မြတ်သည့် အသက်မွေးဝမ်းကျောင်း ပညာရပ်တစ်ခု ဖြစ်ပါကြောင်း၊ မျိုးဆက်သစ်သူနာပြု-သားဖွားတို့သည် သူနာပြု-သားဖွားအတတ်ပညာ များအား ကျွမ်းကျင်ရုံမျှသာမက မိမိတို့လေ့လာသင်ယူရမည့် သူနာပြု-သားဖွားလုပ်ငန်း ဆိုင်ရာလိုက်နာရမည့် ကျင့်ဝတ်များနှင့် စောင့်ထိန်းရမည့် အမူအကျင့်များအတိုင်း ပြည်သူ့လူထုအား ပြုစုစောင့်ရှောက်သွားကြရန်နှင့် သူနာပြု-သားဖွားပညာရေးအား ဒီပလိုမာ အဆင့်မှသည် ဘွဲ့ကြိုသိပ္ပံဘွဲ့၊ ဘွဲ့လွန်ဒီပလိုမာ၊ မဟာသိပ္ပံဘွဲ့၊ ပါရဂူဘွဲ့များအထိ ပြည် တွင်းတွင်သာမက ပြည်ပသို့ပါ တက်လှမ်းရယူနိုင်ရန် ယခုသင်တန်းတက်ရောက်စဉ် ကာလကတည်းမှ ကြိုးစားအားထုတ်သွားကြရန် လိုအပ်ပါကြောင်း၊ ကျန်းမာရေးစောင့် ရှောက်မှုပေးနေသည့် အရည်အသွေး၊ အဆင့်အတန်း ပြောင်းလဲတိုးတက်လာရန် တစ်ဦး နှင့်တစ်ဦး လေးစားစွာဆက်ဆံပြီး ပြည်သူများနှင့် လူနာများ၏အသံ၊ အကြံပြုချက်များအား အထူးဂရုစိုက်အလေးထားပြီး လူတိုင်းလက်လှမ်းမှီသည့် ကျန်းမာရေးအားစောင့် ရှောက်မှုပေးနိုင်သည့်  သူနာပြုကောင်းများဖြစ်အောင် အစွမ်းကုန်ကြိုးစားသွားကြရန် လို အပ်ပါကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တိုင်းဒေ သကြီးဦးစီးမှူး ဒေါက်တာမြင့်ကျော်နှင့် မုံရွာ-သူနာပြုနှင့် သားဖွားသင်တန်းကျောင်းမှ ကျောင်းအုပ်ကြီး ဒေါ်ဆုဆုထိုက်တို့က သစ်လွင်သူနာပြုသင်တန်းသား/သူများအား ကြို ဆိုနှုတ်ခွန်းဆက်စကားများ ပြောကြားကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အခမ်းအနားသို့ တက်ရောက်လာ သူများက မုံရွာ-သူနာပြုနှင့်သားဖွားသင်တန်းကျောင်းမှ သင်တန်းသား/သူများ၏ တိုင်းရင်းသားရိုးရာ တေးသီချင်းများနှင့် အမျိုးဂုဏ်၊ ဇာတိဂုဏ်မြှင့်တင်ရေး တေးသီချင်းများဖြင့် ကပြဖျော်ဖြေမှုများအား ကြည်ရှုအားပေးကြပြီး တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးခင်မောင်အေးက မုံရွာ-သူနာပြုနှင့် သားဖွားသင်တန်းကျောင်းမှ ကျောင်းအုပ်ကြီးထံ ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ကာ သစ်လွင်သင်တန်းသား/သူများကိုယ်စား သင် တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး တာဝန်ရှိသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးကြသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က သင်တန်းသား/သူများနှင့် ရင်းရင်းနှိးနှီး တွေ့ဆုံကာ သင်တန်းသား/သူများ၏ လိုအပ်ချက်များအား တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။   


#News #MNP 

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)