ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေအသိပညာပေး ရှင်းလင်းဆွေးနွေးပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေအသိပညာပေး ရှင်းလင်းဆွေးနွေးပွဲ ကျင်းပ




ချမ်းအေးသာစံ၊ ဖေဖော်ဝါရီ ၇

ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေ ရှင်းလင်းဆွေးနွေးပွဲကို မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်၊ စိတ္တရမဟီရပ်ကွက်၊ ၇၅ လမ်း၊ ၂၇x၂၈ လမ်းကြားရှိ ဆုတောင်းရဘုရား ဓမ္မာရုံအတွင်း ယမန်နေ့ နံနက်ပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ ရှင်းလင်းဆွေးနွေးပွဲသို့ မဟာအောင်မြေခရိုင် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့၊ အတွင်း‌ရေးမှူး ဦးဝင်းမော်၊ မြို့နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌ  ဦးထွန်းထွန်းဝင်း၊ အဖွဲ့ဝင်များဖြစ်သည့် ဗိုလ်မှူး အေးလင်းထွန်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းဇော်လေး၊ ခေတ္တမြို့နယ်လဝကမှူး ဦးမင်းဦး၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးပြည့်ဖြိုးအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၂) ဦးဇော်ဖေ၊ ရပ်ကွက်ပြည်သူ့စစ်မှုထမ်းစာရင်း ကောက်ယူရေးအဖွဲ့ဥက္ကဋ္ဌ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ အတွင်းရေးမှူး ရပ်ကျေးစာရေးဝန်ထမ်းများ တက်ရောက်ခဲ့သည်။

ပြည်သူ့စစ်မှုထမ်း ဥပဒေ၊ နည်းဥပဒေ အသိပညာပေး ရှင်းလင်းပွဲတွင် မဟာအောင်မြေခရိုင် ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့ အတွင်ရေးမှူး ဦးဝင်းမော်မှ အဖွင့်အမှာစကား ပြောကြားပြီး ချမ်းအေးသာစံမြို့နယ်ဥက္ကဋ္ဌက ပြည်သူ့စစ်မှုထမ်း ဥပဒေ၊နည်းဥပဒေနှင့် ပတ်သက်၍ PowerPoint ဖြင့် အသိပညာပေး ရှင်းလင်းဆွေးနွေးကာ တက်ရောက်လာကြသူများ၏ သိရှိလိုသည့် မေးမြန်းဆွေးနွေးမှုများအား  ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရသည်။


ထွန်းထွန်းနိုင်

#MNP #News 

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)