ပါလက်စတိုင်းကို ထောက်ခံတဲ့ ဗြိတိန်ဂျာနယ်လစ်ကို ဩစတြီးယား အာဏါပိုင်တွေ ဖမ်းဆီး - Myanmar National Post

Myanmar National Post

News Agency

Breaking

ပါလက်စတိုင်းကို ထောက်ခံတဲ့ ဗြိတိန်ဂျာနယ်လစ်ကို ဩစတြီးယား အာဏါပိုင်တွေ ဖမ်းဆီး


ဖေဖော်ဝါရီ - ၈ ( စနေနေ့ )  

လူသိများတဲ့ ဗြိတိသျှလူမျိုးအလွတ် သတင်းထောက် ရစ်ချက်မက်ဒ်ဟာ့ဒ်ကို ပါလက်စတိုင်းတွေကို ထောက်ခံတယ်ဆိုပြီး သြစတြီးယား အာဏာပိုင်များက ဖမ်းဆီးလိုက်ပါတယ်။ သူ့ကို အကြမ်းဖက်အဖွဲ့နှင့် သက်ဆိုင်နေတယ်လို့လည်း စွတ်စွဲထားပါတယ်။ သူ့ကို ပြီးခဲ့တဲ့ ဩဂုတ်လကလည်း ယူကေရဲတွေကလည်း ဖမ်းဆီးခဲ့ဖူးပါတယ်။ 

သြစတြီးယားအခြေချနေတဲ့ မက်ဟာ့ဒ်က ၎င်း၏ X ဆိုရှယ်မီဒီယာအကောင့်တွင် ပြီးခဲ့သည့် သီတင်းပတ်က ဂါဇာနှင့် လက်ဘနွန်တို့ကို သတင်းပို့နေတယ်လို့ သံသယဝင်ခြင်းကို ခံလိုက်ရပါတယ်။ ဩစတြီယား အာဏာပိုင်တွေက သူ့ကို နေထိုင်ခွင့် ရုပ်သိမ်းရန် စဉ်းစားနေကြောင်း သိရပါတယ်။

အာဏာပိုင်တွေရဲ့အဆိုအရ မက်ဟာ့ဒ်က ဟားမတ်အကြမ်းဖက်သမားတွေနဲ့ ပတ်သက်နေပြီး အကြမ်းဖက်ဝါဒကို ဝါဒဖြန့်ခြင်းနဲ့ အားပေးနေတယ်လို့ သိရပါတယ်။ အာဏာပိုင်များသည် ၎င်း၏ တိုက်ခန်းနှင့် စတူဒီယိုတို့ကို ရှာဖွေခဲ့ပြီး ၎င်း၏ အီလက်ထရွန်နစ် ကိရိယာများအားလုံးကို သိမ်းဆည်းခဲ့ပါတယ်။

“သူတို့က ကျနော့်လုပ်ငန်းသုံးပစ္စည်းတွေ အားလုံးကို သိမ်းသွားပါတယ်။ ကျနော့်မှာ ဘာမှ မရှိတော့ပါဘူး။ ကျနော့်ကို ရဲစခန်းခေါ်သွားတယ်။ စစ်တာတွေ မေးမြန်းတာတွေ လုပ်ပါတယ်။ ပြီးတော့လက်ဗွေလည်း နှိပ်ခိုင်းပါတယ်။ DNA စစ်ချက်တွေလည်း ယူပါတယ်။ ၆နာရီလောက်ကြာတယ်” လို့ မက်ဟာ့ဒ်က ဆိုပါတယ်။

သူ့ကို လန်ဒန်က ဟီသရိုး လေဆိပ်မှာ ဖမ်းခဲ့စဉ်တုန်းကလည်း ဗြိတိန်၏ အကြမ်းဖက်မှုအက်ဥပဒေ ပုဒ်မ 12 အရ "သတ်မှတ်ထားသော အဖွဲ့အစည်းကို ပံ့ပိုးကူညီသည်ဟု ထင်မြင်ချက် သို့မဟုတ် ယုံကြည်ချက်ဖြင့် ၂၄ နာရီကျော်ကြာ ဖမ်းဆီးထိန်းသိမ်းခြင်း" ဖြင့် စွဲချက်တင်ခံခဲ့ရပါတယ်။

“ထူးဆန်းတာက ပြီးခဲ့တဲ့အပတ်က အင်္ဂလန်ရဲတွေက ဒီစုံစမ်းစစ်ဆေးမှုကိုလုပ်ခဲ့တယ်။ ထပ်ပြီး ဗီယင်နာမှာလည်း အဲ့လိုမျိုးထပ်လုပ်ပါတယ်။  ဒါဟာ တိုက်ဆိုင်မှုလို့ မထင်ပါဘူး” ဟု မက်ဟာ့ဒ် က ၎င်း၏ နောက်ဆုံးဗီဒီယိုတွင် ပြောကြားခဲ့ပါတယ်။ 


REF - RT

#MNP #News #International

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)