မြန်မာနိုင်ငံအဆောက်အဦဆိုင်ရာ စံချိန်စံညွှန်းလမ်းညွှန်ချက်များ အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီအစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်မာနိုင်ငံအဆောက်အဦဆိုင်ရာ စံချိန်စံညွှန်းလမ်းညွှန်ချက်များ အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီအစည်းအဝေးကျင်းပ


ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇

မြန်မာနိုင်ငံအဆောက်အဦဆိုင်ရာ စံချိန်စံညွှန်းလမ်းညွှန်ချက်များ (Myanmar National Bulding Code– 2025) အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီအစည်းအဝေး (၁/၂၀၂၅) ကို ယမန်နေ့က ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်ရှိ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းချုပ်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေ၊ လုပ်ငန်းကော်မတီဒုတိယဥက္ကဋ္ဌ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်ဥက္ကဋ္ဌ ဦးခင်မောင်ဌေး၊ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းချုပ် MNBC– 2025 ဆပ်ကော်မတီဥက္ကဋ္ဌ ဦးညွန့်မောင်ဆန်း၊ တာဝန်ရှိသူများနှင့် လုပ်ငန်းကော်မတီအဖွဲ့ဝင်များ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ဒုတိယဝန်ကြီးက ပြုစုပြီးဖြစ်သည့် MMBC – 2024 English နှင့် Myanmar Version မူကြမ်းများကို ဆောက်လုပ်ရေးဝန်ကြီးဌာနမှ အသေးစိတ်အချောသပ်ညှိနှိုင်း ပေါင်းစပ်ပြီး MNBC – 2024 ထုတ်ပြန်နိုင်ရန် ဥပဒေရေးရာဝန်ကြီးဌာနသို့ သဘောထားမှတ်ချက် တောင်းခံခဲ့ကြပါကြောင်း၊ သို့သော်လည်း သက်ဆိုင်ရာပညာရပ်အလိုက် ကဏ္ဍအလိုက်ပိုမိုပြည့်စုံစေရန် အချက်အလက်များ စုဆောင်းပြုစုတည်းဖြတ်ပြီး သက်ဆိုင်ရာဝန်ကြီးဌာနများကို သဘောထားမှတ်ချက် ပြန်လည်တောင်းခံ၍ အပြီးသတ်ရရှိလာသည့် လမ်းညွှန်ချက်များကို ထုတ်ဝေရမည်ဖြစ်သည့်အတွက် MNBC – 2024 အစား MNBC – 2025 အနေဖြင့် ပြင်ဆင်ထုတ်ဝေမည်ဖြစ်ပါကြောင်း။

MNBC-2025 ရှေ့တွင် Code Management Scheme ထည့်လျှင် ပို၍သင့်တော်မည်ဖြစ်ပါကြောင်း၊ MNBC-2025 Code ထွက်၍ ထုတ်ဝေပြီးပါက အသိပညာပေးဆွေးနွေးပွဲများ လုပ်ဆောင်ရန်၊ သုံးစွဲသူများ၏ အကြံပြုဆွေးနွေးချက်များကို လက်ခံပေးရန်၊ အကြံပြုချက်များကိုစုစည်း၍ ပြန်လည်သုံးသပ်မှုများ ပုံမှန်လုပ်ဆောင်သွားရန်နှင့် ကြားကာလပြင်ဆင်ခြင်းများ လိုအပ်ပါကလည်း ထည့်သွင်းသွားကြရန်ဖြစ်ပါကြောင်း၊ Version အသစ် ပြင်ဆင်နိုင်ရန်အတွက် အသေးစိတ်အချက်အလက်၊ အစီအစဉ်များကို Code Management တွင် အကုန်ထည့်ပေးပြီး အပိုင်းလိုက် တာဝန်ယူမည့် အစီအစဉ်များကိုပါ ထည့်သွင်းရမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လက်ရှိရေးဆွဲဆောင်ရွက်နေမှု၊ လုပ်ငန်းကော်မတီအစည်းအဝေး (၃/၂၀၂၄) ၏ အစည်းအဝေးဆုံးဖြတ်ခဲ့မှုများ၊ ထပ်မံဖြည့်စွက်လိုသည့်အချက်များကို ဆွေးနွေးတင်ပြကြရာ ဒုတိယဝန်ကြီးက ဆွေးနွေးမှုများအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် အဆောက်အဦဦးစီးဌာန အဆောက်အဦအထူးအဖွဲ့(၃)မှ ဆောင်ရွက်လျက်ရှိသည့် ပဲခူးမြို့ ကမ္ဘောဇသာဒီ ရွှေနန်းတော်၊ မြေနန်းပြာသာဒ်ဆောင်နှင့် ဘမရာသနပလ္လင်ဆောင်များ ပြုပြင်ခြင်းလုပ်ငန်းဆောင်ရွက်မှုနှင့် ကမ္ဘောဇသာဒီ ရွှေနန်းတော်ပြုပြင်ရာတွင်အသုံးပြုမည့် မြန်မာမှုလက်ရာထုတ်လုပ်နေမှုကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းခွင်ရှင်းလင်းဆောင်၌ တာဝန်ရှိသူများနှင့် တွေ့ဆုံကာ လက်ရာလက်သားကောင်းမွန်စေရေး၊ အချိန်မီပြီးစီးစေရေး၊ ရှေးမူလက်ရာမပျက် ထိန်းသိမ်းဆောင်ရွက်ရေးနှင့် အရည်အသွေးပြည့်မီသည့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ သုံးစွဲစေရေးတို့ကို အထူးအလေးထားဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သိရသည်။


#News #MNP

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)