ကျောက်ဆည်၊ ဖေဖော်ဝါရီ ၁၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၊ ပန်းခွာကျေးရွာတွင် ဖေဖော်ဝါရီ ၁၄ ရက်နေ့၊ မွန်းလွဲ(၂)နာရီအချိန်ခန့်က နေအိမ်မီးဖိုချောင်ရှိ မီးကြွင်းမီးကျန်မှတဆင့် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ ပန်းခွာကျေးရွာ ဦးသက်နိုင်ထွန်း၏ နေအိမ်မီးဖိုရှိ မီးကြွင်းမီးကျန်မှတဆင့် မီးလောင်မှုဖြစ်ပွားခဲ့ရာ ဦးသက်နိုင်ထွန်း၏ (၃) ပင်(၂)ခန်း ထရံကာ သွပ်မိုး (၁) ထပ် လူနေအိမ်(၁)လုံး၊ ဦးဇော်ဝင်းလှိုင်၏ (၃)ပင်(၂)ခန်း ထရံကာ သွပ်မိုး (၂)ထပ် လူနေအိမ်(၁)လုံး၊ ဦးကျော်စိုးမင်း၏ (၃)ပင်(၂)ခန်း ထရံကာ(၂)ထပ် သွပ်မိုး လူနေအိမ်(၁)လုံး စုစုပေါင်း လူနေအိမ်(၃)လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး မီးလောင်မှုကြောင့် လူနှင့် အခြားတိရစ္ဆာန်များ ထိခိုက်သေဆုံးမှုမရှိကြောင်း သိရသည်။
မီးလောင်ရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်လင်းထွန်း၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး ဇေယျာလှိုင်၊ အတွင်းရေးမှူး မြို့နယ်ရဲမှူးကျော်စိုးမိုးနှင့် တာဝန်ရှိသူများ သွားရောက်ခဲ့ပြီး ခရိုင်/မြို့နယ် မီးသတ်ဦးစီးဌာနမှ ဦးစီးမှူးများနှင့် သန္ဓေတပ်ဖွဲ့ဝင်များ၊ ပြည်သူများ ပူးပေါင်း၍ မီးငြှိမ်းသတ်ယာဉ်(၃)စီးဖြင့် ဝိုင်းဝန်မီးငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)
#News #MNP
https://t.me/MyanmarNationalPost
No comments:
Post a Comment