ဘိုကလေးမြို့နယ်၌ မိန်းမလှကျွန်းတောရိုင်းတိရစ္ဆာန် ဘေးမဲ့တောတည်ရှိရာ ကမ္ဘာ့ရေဝပ်ဒေသများနေ့ အခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဘိုကလေးမြို့နယ်၌ မိန်းမလှကျွန်းတောရိုင်းတိရစ္ဆာန် ဘေးမဲ့တောတည်ရှိရာ ကမ္ဘာ့ရေဝပ်ဒေသများနေ့ အခမ်းအနားကျင်းပ




ဘိုကလေး၊ ဖေဖော်ဝါရီ ၂

၂၀၁၇ ခုနှစ်မှစတင်၍ ရမ်ဆာရေဝပ်ဒေသအဖြစ် သတ်မှတ်ခံခဲ့ရသော မိန်းမလှကျွန်းတောရိုင်းတိရစ္ဆာန် ဘေးမဲ့တောတည်ရှိရာ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၌ ယနေ့နံနက်(၉)နာရီခွဲအချိန်တွင် “အနာဂတ်ဘဝဖူလုံဖို့ ရေဝပ်ဒေသများကာကွယ်စို့” ဆောင်ပုဒ်ဖြင့် ကမ္ဘာ့ရေဝပ်ဒေသများနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပဆောင်ရွက်သည်။

အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဦးကံဝင်း၊ မြောင်းမြခရိုင် သစ်တောဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးစိန်မိုးနှင့် ဘိုကလေးမြို့နယ် သစ်တောဦးစီးဌာန တာဝန်ရှိသူများ၊ မိန်းမလှကျွန်းဘေးမဲ့တော အုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်ဌာနဆိုင်ရာများ၊ မိန်းမလှကျွန်းဘေးမဲ့တော  ထိန်းသိမ်းရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ကြသော ဒေသအခြေုပြုအဖွဲ့များ၊ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း (ဘိုကလေး)မှ ဆရာ/မများ၊ ကျောင်းသား/သူများ တက်ရောက်ကြပြီး အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံဝင်းက အဖွင့်အမှာစကား ပြောကြားခဲ့သည်။

ဆက်လက်၍ မြောင်းမြခရိုင်၊ သစ်တောဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးစိန်မိုးက ရေဝပ်ဒေသများနေ့ အခမ်းအနားကျင်းပရခြင်းနှင့် ပတ်သက်သည်များ၊ မိန်းမလှကျွန်းဘေးမဲ့တော အုပ်ချုပ်ရေးမှူး ဦးစိုင်းဝဏ္ဏကြည်က မြန်မာနိုင်ငံ၏ ရမ်ဆာရေဝပ်ဒေသများအကြောင်း၊ ရေဝပ်ဒေသ၏ အဓိပ္ပာယ်နှင့် သမိုင်းကြောင်းများ၊ ရေဝပ်ဒေသများ ထိန်းသိမ်းရခြင်း၏ ရည်ရွယ်ချက်၊ ထိန်းသိမ်းကာကွယ်ရမည့် နည်းလမ်းများအား ရှင်းလင်းပြောကြားခြင်းတို့ဆောင်ရွက်ခဲ့ပြီး မိန်းမလှကျွန်းတောရိုင်းတိရစ္ဆာန်ဘေးမဲ့တော ထိန်းသိမ်းရေးလုပ်ငန်းများတွင် ရှေ့ဆက်ဖော်ဆောင်ကြမည့် လုပ်ငန်းစဉ်များအား ဒေသအခြေပြုအဖွဲ့များကလည်း အကြံပြုဆွေးနွေးခဲ့ကြကြောင်း သိရသည်။


မိုးစက်

#MNP #News 

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)