မကွေးမြို့နယ်၌ လိုင်စင်မဲ့မော်တော်ယာဉ် ၁ စီးဖမ်းဆီးရမိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မကွေးမြို့နယ်၌ လိုင်စင်မဲ့မော်တော်ယာဉ် ၁ စီးဖမ်းဆီးရမိ


နေပြည်တော်၊ ဖေဖော်ဝါရီ ၂၁

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၌ ဖေဖော်ဝါရီလ ၁၉ ရက်နေ့က လိုင်စင်မဲ့မော်တော်ယာဉ် ၁ စီးဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ ၁၉ ရက်နေ့ နံနက် ၇ နာရီအချိန်တွင် မကွေးမြို့နယ်၊ မကွေး-မင်းဘူးသွားကားလမ်း ဧရာဝတီတံတားပူးပေါင်းစစ်ဆေးရေးဂိတ်တွင် မကွေးမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များ၊ အမှတ်(၁၅)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် မင်းဘူးမြို့ဘက်မှ မကွေးမြို့ဘက်သို့ မင်းဘူးမြို့နယ်၊ လေးအိမ်တန်းကျေးရွာနေ ဦးသိန်းမြင့်(၄၁)နှစ်မောင်းနှင်လာသည့် YGN-41 5G/xxxx CROWN မီးခိုးရောင်ယာဉ်အား ရပ်တန့် စစ်ဆေးခဲ့ရာ ယာဉ်နှင့်ပတ်သက်သည့်အထောက်အထား တစ်စုံတစ်ရာပြသနိုင်ခြင်းမရှိဘဲ လိုင်စင်မဲ့ ယာဉ်ဖြစ်ကြောင်း သိရှိရသဖြင့် သိန်းမြင့်အား မကွေးမြို့မရဲစခန်း(ပ)၁၅/၂၀၂၅၊ ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မ ၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။


#MNP #News 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)