တောင်ကြီးမြို့၌ ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ၊ ဘာသာရပ်ဆိုင်ရာ သိကောင်းစရာများဟောပြောဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်ကြီးမြို့၌ ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ၊ ဘာသာရပ်ဆိုင်ရာ သိကောင်းစရာများဟောပြောဆွေးနွေး






တောင်ကြီး၊ ဖေဖော်ဝါရီ ၁၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ တောင်ကြီးမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲဝင်ရောက်ဖြေဆိုကြမည့် Geade – 12 ကျောင်းသား/ကျောင်းသူ (၃၃၇၄) ဦးတို့အား ဘာသာရပ် ဆိုင်ရာသိကောင်းစရာများ ဟောပြောဆွေးနွေးခြင်းကို ယနေ့ နံနက် ၉ နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်းတို့၌ ကျင်းပခဲ့သည်။

အဆိုပါဟောပြောပွဲကို တောင်ကြီးတက္ကသိုလ်မှ ဘာသာရပ်ဆိုင်ရာပါမောက္ခများမှ သက်ဆိုင်ရာကျောင်းအသီးသီးတွင်၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ၊ ဘာသာရပ်ဆိုင်ရာသိကောင်းစရာများ ဟောပြောဆွေးနွေးရာ ဟောပြောပွဲသို့  ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်နှင့်တာဝန်ရှိသူများ ကြည့်ရှုအားပေး၍လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။


စိုင်းသန်းကျော်

#News #MNP  

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)