မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၁၀)(၂/၂ဝ၂၅)သို့ တက်ရောက်မည့် သင်တန်းသားများအား သွားရောက်တွေ့ဆုံ၍ ချီးမြှင့်ငွေပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၁၀)(၂/၂ဝ၂၅)သို့ တက်ရောက်မည့် သင်တန်းသားများအား သွားရောက်တွေ့ဆုံ၍ ချီးမြှင့်ငွေပေးအပ်




မော်လမြိုင်၊ ဖေဖော်ဝါရီ ၁၄

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများသည် မွန်ပြည်နယ်မှ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၁၀)(၂/၂ဝ၂၅)သို့တက်ရောက်မည့် သင်တန်းသား(၇၂)ဦးအား ယနေ့နံနက်ပိုင်းတွင် မော်လမြိုင်မြို့၊ နယ်မြေခံသင်တန်းကျောင်း၌ သွားရောက်တွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံရာတွင် ဦးစွာပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၁၀)(၂/၂ဝ၂၅)သို့ တက်ရောက်မည့် သင်တန်းသားများအား တွေ့ဆုံအမှာစကား ပြောကြားခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၁၀)(၂/၂ဝ၂၅)သို့ တက်ရောက်မည့် သင်တန်းသားများအတွက် ချီးမြှင့်ငွေများပေးအပ်ရာ သင်တန်းသားများက လက်ခံရယူခဲ့ကြသည်။

ထို့နောက်ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့်တာဝန်ရှိသူများသည် ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ်(၁၀)(၂/၂ဝ၂၅)သို့ တက်ရောက်မည့် သင်တန်းသားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးစကားပြောကြားကာ လိုအပ်သည်များအား တာဝန်ရှိသူများနှင့်ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။


စည်သူ

#News #MNP  

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)