ကြံခင်းမြို့နယ်၊ ဆိပ်သာ (အ.ထ.က) ကျောင်းတွင် ကျောင်းစာကြည့်တိုက်များဖွံဖြိုးတိုးရေး၊ စာဖတ်ရှိန်မြှင့်တင်ရေးလူငယ်စကားဝိုင်းနှင့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကြံခင်းမြို့နယ်၊ ဆိပ်သာ (အ.ထ.က) ကျောင်းတွင် ကျောင်းစာကြည့်တိုက်များဖွံဖြိုးတိုးရေး၊ စာဖတ်ရှိန်မြှင့်တင်ရေးလူငယ်စကားဝိုင်းနှင့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ








ကြံခင်း၊ ဖေဖော်ဝါရီ ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ်၊ ကြံတောအုပ်စု၊ ​ဆိပ်သာကျေးရွာအုပ်စုရှိ အ.ထ.က ကျောင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာန တို့ပူးပေါင်းကျင်းပသောကျောင်းစာကြည့်တိုက်များဖွံဖြိုးတိုးရေး၊ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းနှင့် လူငယ်ရေးရာ​ဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက အဆိုပါကျောင်းစုဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

ရေှးဦးစွာ လူငယ်စကားဝိုင်းကိုကျင်းပခဲ့ရာ ကျောင်းအကျိုးတော်ဆောင်ဥက္ကဋ္ဌ ဦးကျင်သောင်းက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်မိုး​​မြင့်က လူငယ်လူရွယ်များ အသိပညာဗဟုသုတကြွယ်ဝလာစေရန်၊ စာပေဖတ်ရှုရခြင်းကြောင့် အကောင်းအဆိုးခွဲခြားတတ်လာစေရန်၊ နှုတ်မှုစွမ်းရည်မြင့်မားလာစေရန်၊ အချင်းချင်းပူးပေါင်းဆွေးနွေးပြောဆိုတတ်သည့် အလေ့အကျင့်ကောင်းများရရှိလာစေရန်၊ ကျောင်းစာကြည့်တိုက်များ ဖွံဖြိုးလာပြီး စာဖတ်ရှိန်မြှင့်မားလာစေရန်နှင့် ဗလငါးတန်ဖြင့်ဘက်စုံပြည့်စုံလာစေရန် စသည့်ရည်ရွယ်ချက်များစွာဖြင့် လူငယ်စကားဝိုင်းများကို နိုင်ငံ​တော်အကြီးအကဲများ၏ လမ်းညွှန်ချက်များနှင့်အညီ စဉ်ဆက်မ​ပြတ် ကျင်းပလျက်ရှိကြောင်း ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ လူငယ်စကားဝိုင်းကိုကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်မိုး​​မြင့်က ဦးဆောင်ဆွေးနွေးသူ Moderator အဖြစ်ဆောင်ပြီး Grade- 9 ကျောင်းသူ မနှင်းနှင်းက (လူငယ်နှင့်ကိုယ့်ကျင့်တရား ) ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-11 ကျောင်းသူ မလွင်လွင်အောင်က ( လူငယ်နှင့်ယဉ်ကျေးမှု) ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-10 ​ကျောင်းသူ မသက်ငုံဖူးက (လူငယ်နှင့်စည်းကမ်း) ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade- 10 ​ကျောင်းသူ မနွေးနွေးလှိုင်က (လူငယ်နှင့်အင်တာနက်) ခေါင်းစဉ်တို့ဖြင့် မိမိတို့လေ့လာဖတ်မှတ်ထားအကြောင်းအရာများကို အသီးသီးဆွေးနွေးကြသည်။ ဆက်လက်ပြီး လူငယ်စကားဝိုင်းတွင်ပါဝင်ဆွေးနွေးကြသော ကျောင်းသူများ၏ ဆွေးနွေးချက်များအပေါ် ကျောင်းအုပ်ဆရာမကြီး ဒေါ်ဥမ္မာက သုံးသပ်ဆွေးနွေးပြောကြားပြီး အခမ်းအနားသို့ တက်ရောက်လာကြသောကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကိုမေးမြန်းခဲ့ကြရာ ကဏ္ဍအလိုက် ဆွေးနွေးကြသူများက ပြန်လည်ဖြေကြားကြကာ စကားဝိုင်းတွင်ပါဝင်ဆွေးနွေးကြသော ကျောင်းသူများအား အမှတ်တရလက်ဆောင်များကို တာဝန်ရှိသူများက အသီးသီးပေးအပ်ကြသည်။ ဆက်လက်၍ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဥမ္မာက ကျေးဇူးတင်စကားပြန်လည် ပြောကြားပြီး အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြသည်။

ထို့နောက် မွန်းလွဲ (၁) နာရီတွင် လူငယ်ရေးရာဟော ပြောပွဲကိုကျင်းပခဲ့ရာ ဆုံလဲအုပ်ချုပ်ရေးမှူး ဦးမြင့်အေးက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်မိုး​​မြင့်က လူငယ်ရေးရာဟောပြောပွဲနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် Book Club အဖွဲ့ဝင် ကဗျာဆရာ ဦးမျိုးဝင်း (ဆောင်းနတ်ရှင်-ကြံခင်း) က "လူတော်လူကောင်း "ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Book Club အဖွဲ့ဝင် ဦးခင်မောင်ဌေးက "စည်ကမ်းရှိမှတိုးတက်မည်" ခေါင်းစဉ်ဖြင့်လည်းကောင်းဖြင့် ဟောပြောကြသည်။

ယင်းနောက် ကြံခင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသည့် သုတရသစာအုပ်စာစောင်ပြပွဲနှင့် မူးယစ်ဆေးဝါးအန္တရာယ်၊ ကလေးအလုပ်သမားပပျောက်ရေး သိပညားပေးနံရံကပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာဖြင့် လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။


ဖြိုးဝေလင်း 

#News #MNP  

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)