ရေနံထွက်ပစ္စည်းအရောင်းဆိုင်များ သတ်မှတ် လမ်းနယ်နမိတ်အတွင်း ကျရောက်မှုမရှိစေရေးနှင့် သတ်မှတ်ချက်နှင့်အညီ ကြီးကြပ်စစ်ဆေးနိုင်ရေး လုပ်ငန်းအစီအများနှင့် စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရေနံထွက်ပစ္စည်းအရောင်းဆိုင်များ သတ်မှတ် လမ်းနယ်နမိတ်အတွင်း ကျရောက်မှုမရှိစေရေးနှင့် သတ်မှတ်ချက်နှင့်အညီ ကြီးကြပ်စစ်ဆေးနိုင်ရေး လုပ်ငန်းအစီအများနှင့် စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေး



မြစ်ကြီးနား၊ ဖေဖော်ဝါရီ ၁၄

ကချင်ပြည်နယ်အတွင်း ရေနံထွက်ပစ္စည်းအရောင်းဆိုင်များ သတ်မှတ်လမ်းနယ်နမိတ်အတွင်း ကျရောက်မှုမရှိစေရေးနှင့် သတ်မှတ်ချက်နှင့်အညီ ကြီးကြပ်စစ်ဆေးနိုင်ရေးအတွက် ကွင်းဆင်းစစ်ဆေး၍ စိစစ်တင်ပြဆောင်ရွက်သွားရမည့် လုပ်ငန်းအစီအမံများနှင့် စပ်လျဉ်း၍ ကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ရေနံထွက်ပစ္စည်းအရောင်းဆိုင်များ သတ်မှတ်လမ်းနယ်နမိတ်အတွင်း ကျရောက်မှုမရှိစေရေးနှင့် သတ်မှတ်ချက်နှင့်အညီဖြစ်စေရေး ကြီးကြပ်မှုဆပ်ကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်က ယနေ့ဆပ်ကော်မတီအဖွဲ့ဝင်များအနေဖြင့် လုပ်ထုံးလုပ်နည်းဥပဒေ၊ ညွှန်ကြားချက်များနှင့်အညီ အပြန်အလှန်ညှိနှိုင်းပူးပေါင်းပြီး မြို့နယ်များအလိုက်၊ လမ်းများအလိုက် Schedule များရေးဆွဲ၍ ပူးပေါင်းစစ်ဆေးကာ သုံးသပ်အကြုံပြုတင်ပြချက်များအား စိစစ်ရေးဆွဲတင်ပြသွားကြရမည်ဖြစ်ပါကြောင်း၊ ပြည်နယ်အတွင်း စက်သုံးဆီမပြတ်လပ်စေရေး ဆောင်ရွက်နေသကဲ့သို့ ယနေ့ကော်မတီ၏ ညွှန်ကြားချက်အတိုင်း စစ်ဆေးဆောင်ရွက်သွားရမှာဖြစ်ပြီး မီးဘေးအန္တရာယ်ကင်းရှင်းရေးကိုပါ တစ်ပါတည်းကြပ်မတ်စစ်ဆေး၍ အန္တရာယ်ရှိနိုင်မည့် အခြေအနေများ တွေ့ရှိရပါက ချက်ခြင်းပြုပြင်အရေးယူဆောင်ရွက်နိုင်ရေးကိုလည်း အကြုံပြုလိုပါကြောင်း တိုက်တွန်းမှာကြားသည်။

ဆက်လက်၍ ကြီးကြပ်မှုဆပ်ကော်မတီအတွင်းရေးမှူး၊ ပြည်နယ်ကြီးကြပ်စစ်ဆေးရေးအရာရှိ ဦးမင်းမင်းက ကော်မတီဖွဲ့စည်းမှုနှင့် လုပ်ငန်းတာဝန်များကို ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသည့် ဆပ်ကော်မတီအဖွဲ့ဝင် ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက စစ်ဆေးဆောင်ရွက်သွားမည့် လုပ်ငန်းတာဝန်များအပေါ် ဦးစီးဌာနများအလိုက် တည်ဆဲဥပဒေ၊ လုပ်ထုံးလုပ်နည်းအမိန့်ညွှန်ကြားချက်များနှင့် ဖြစ်စေရေး လိုအပ်ချက်များကို အကြုံပြုသုံးသပ်ဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးက လုပ်ငန်းအစီအမံများ စနစ်တကျစိစစ်နိုင်‌ရေးဆပ်ကော်မတီအဖွဲ့ဝင်များအကြား ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


#News #MNP  

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)