မြင်းခြံ၊ ဖေဖော်ဝါရီ ၁
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့ ဆန္ဒတော်ပြည့်ဘုရားဝင်းအတွင်းတွင် (၄၃) ကြိမ်မြောက် မြို့နယ်လုံးကျွတ်သံဃာ့ဒါန ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယမန်နေ့နေ့လယ်(၁) နာရီအချိန်တွင် လောင်းလှူခဲ့ကြောင်း သိရသည်။
(၄၃) ကြိမ်မြောက် မြို့နယ်လုံးကျွတ် သံဃာ့ဒါန ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ကျင်းပပြုလုပ်ခဲ့ရာ မြင်းခြံမြို့နယ်အတွင်းရှိ သံဃာတော်အပါး (၈၆၉) ပါး ကြွရောက်အလှူခံတော်မူခဲ့ပြီး လောင်းလှူပွဲတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်နှင့် ခရိုင်စီမံအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဦးစောလွင်နှင့် မြို့နယ်စီမံအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် ဌာနဆိုင်ရာအကြီးအကဲများနှင့် အလှူရှင်များ တက်ရောက်လောင်းလှူခဲ့ကြသည်။
အဆိုပါ (၄၃)ကြိမ်မြောက် မြို့နယ်လုံးကျွတ် သံဃာ့ဒါနဆွမ်းဆန်စိမ်း လောင်းလှူပွဲသို့ ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ၊ အလှူရှင်များမှ လှူဒါန်းသည့် ဆွမ်း ဆန်တော် (၈၆၉) အိတ်နှင့် အခြားလှူဖွယ်ပစ္စည်းများ တန်ဖိုးငွေ (၉၃၀၃၄၀၀၀) ကျပ်အား မြင်းခြံမြို့နယ်အတွင်းရှိ သံဃာတော်အပါး (၈၆၉) လောင်းလှူခဲ့ကြောင်း သိရသည်။
ကျော်စွာ (မြင်းခြံ)
#MNP #News
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment