ထရမ့်က ကြယ်တာရာစစ်ပွဲကို လုပ်ချင်နေတာလားလို့ ရုရှားမေးပြီ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ထရမ့်က ကြယ်တာရာစစ်ပွဲကို လုပ်ချင်နေတာလားလို့ ရုရှားမေးပြီ


ဖေဖော်ဝါရီ - ၁ ( စနေနေ့ ) 

ရုရှားနိုင်ငံခြားရေးဌာန ပြောခွင့်ရ အမျိုးသမီး မာရီယာဇာခါရိုဗာက အမေရိကန်တွေရဲ့ သံမဏိအကာ ဒုံးကျည် ကာကွယ်ရေးစနစ်က အာကာသာထဲမှာ လက်နက်တပ်ဆင်ရေးတွေဖြစ်လာနိုင်လို့ ကြယ်တာရာစစ်ပွဲတွေကို ဖန်တီးချင်နေတာလားလို့ မေးလိုက်ပါတယ်။ 

မနေ့ကလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဇာခါရိုဗာက အဆင့်မြင့် ဒုံးကျည်ကာကွယ်ရေးစနစ်များ ဖွံ့ဖြိုးတိုးတက်ရန် ယခုသီတင်းပတ်အစောပိုင်းက ထုတ်ပြန်လိုက်တဲ့ ထရမ့်ရဲ့ သမ္မတလုပ်ပိုင်ခွင့်အမိန့်ထဲမှာ "အာကာသအခြေပြု ကြားဖြတ်ကိရိယာများ" ဖန်တီးခြင်းကို ခွင့်ပြုထား တယ်လို့ ဆိုပါတယ်။ 

“ဒါဟာ အမေရိကန်ရဲ့ နောက်ထပ်အတည်ပြုချက်တစ်ခုအနေနဲ့ အာကာသကို လက်နက်ကိုင်အချင်းချင်း  ထိပ်တိုက် ရင်ဆိုင်မှု၊ စစ်ပွဲနဲ့ လက်နက်တပ်ဆင်ဖြန့်ကျက်ရေးတို့အတွက် နယ်ပယ်တစ်ခုအဖြစ် ပြောင်းလဲဖို့ အာရုံစိုက်နေတယ်လို့ ကျမတို့ မြင်ပါတယ်” လို့ ဇာခါရိုဗာက ဆိုပါတယ်။ 

အမေရိကန်ဘက်က ဒုံကျည်ကာကွယ်ရေးစနစ်ကို အကြောင်းပြပြီး အာကာသအတွင်း လက်နက်တပ်ဆင်ရေးကို လုပ်ချင်ပုံရကြောင်း၊ အာကာသနဲ့ ပတ်သတ်တဲ့ စံနှုန်းတွေ၊ စည်းမျဉ်းတွေ နဲ့ အခြေခံမူတွေကို ချိုးဖောက်ရာ ဖြစ်လာနိုင်ကြောင်း၊ အမေရိကန်တွေရဲ့ အစီအစဉ်ကို လုံးဝ အယုံအကြည်မရှိကြောင်း၊ ယခင်သမ္မတရေဂင်လက်ထက်က လုပ်ခဲ့တဲ့ ကြယ်တာရာစစ်ပွဲ (Star Wars) မျိုးဖြစ်နေကြောင်း၊ စစ်ဘက်ဆိုင်ရာ မတည်ငြိမ်မှုများ ဖြစ်ပေါ်လာနိုင်ကြောင်း နဲ့ အမေရိကန်တွေက စစ်ဘက်ဆိုင်ရာ အစီအစဉ်များကို တက်ကြွစွာ ဖွံ့ဖြိုးတိုးတက်ရန်နှင့် ချဲ့ထွင်ရန်ရည်ရွယ်နေကြောင်း ပြောကြားသွားပါတယ်။ 

သမ္မတဟောင်း ရော်နယ်ရေဂင်လက်ထက်တုန်းက 'Star Wars' ဟုခေါ်သော စစ်အေးတိုက်ပွဲအစီအစဉ်၏ မဟာဗျူဟာကာကွယ်ရေးအစပျိုး ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ဒုံးကျည်အကာတစ်ခုကို တည်ဆောက်နိုင်ရန် ကြိုးစားခဲ့ဖူးပါတယ်။ ရေဂင်၏ အဆိုပြုချက်ကြောင့် အမေရိကန်နှင့် ဆိုဗီယက်ယူနီယံကြား လက်နက်ပြိုင်ဆိုင်မှု အကြီးအကျယ်ဖြစ်ပေါ်စေခဲ့ပါတယ်။ 

နောက်ပိုင်းမှာ သမ္မတ ရေဂင် လိုချင်သည့် အာကာသအခြေခံလက်နက်များကို ဘယ်သောအခါမှ တီထွင်နိုင်ခဲ့ခြင်း မရှိခဲ့ဘဲ လက်နက်ထိန်းချုပ်ရေး သဘောတူစာချုပ်များစွာကို လက်မှတ်ရေးထိုးခြင်းဖြင့် တင်းမာမှုများ လျော့ပါးသွားခဲ့ရပါတယ်။ ထိုအချိန်မှစ၍ ဝါရှင်တန်သည် ဥရောပရှိ တာတိုနှင့် တာလတ်ပစ်ဒုံးကျည်များကို ကန့်သတ်သည့် INF စာချုပ်ပါ မဟာဗျူဟာမြောက် ဒုံးကျည်ကာကွယ်ရေး ABM စာချုပ်အပါအဝင် ၎င်းတို့အားလုံးကို ဖျက်သိမ်းလိုက်ရတာပဲ ဖြစ်ပါတယ်။


REF - RT

#MNP #News #Russia #American

Join - https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)