ပုသိမ်ကြီး၊ ဖေဖော်ဝါရီ ၁၅
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ မြို့မရပ်ကွက်၊ ဗဟိုမြို့မကျောင်းတိုက်ဝန်းအတွင်းရှိ ဓမ္မပါလသာသနာ့ဗိမာန်တွင် ယနေ့နံနက် ၈နာရီခွဲကစတင်၍ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ဒုတိယဗိုလ်မှူးကြီး ကျော်ကျော်ဝင်း ဦးစီး၍ အထွေထွေရောဂါကုပါရဂူကြီး (၇)ဦး၊ သွားအထူးကုပါရဂူကြီး (၁)ဦး၊ သူနာပြုအရာရှိ (၁)ဦး၊ အမျိုးသမီးသူနာပြု (၃)ဦး၊ အကူ(၂)ဦး၊ ပေါင်း(၁၄)ဦးတို့မှ သံဃာတော်များနှင့်ရပ်ကွက်အတွင်းရှိ ပြည်သူများအား ဆေးကုသမှုဆောင်ရွက်ပေးခဲ့ကြသည်။
အထွေထွေဆေးကုသမှု သံဃာတော်(၁၆)ပါး၊ လူပုဂ္ဂိုလ်(၂၈)ဦး၊ ခွဲစိတ်သံဃာ(၉)ပါး၊ လူပုဂ္ဂိုလ်(၁၄)ဦး၊ သွားဘက်ဆိုင်ရာကုသမှု သံဃာ(၁၁)ပါး၊ လူပုဂ္ဂိုလ်(၁၃)ဦး၊ မျက်စိကုသမှု သံဃာ(၆)ပါး၊ လူပုဂ္ဂိုလ်(၈)ဦး၊ အရိုးအကြောကုသမှု သံဃာ(၄)ပါး၊ နားနှာခေါင်း သံဃာ(၅)ပါး၊ သံဃာတော် (၆၄)ပါး၊ လူပုဂ္ဂိုလ်(၁၂၅)ဦး၊ စုစုပေါင်း(၁၈၉)ဦး တို့အား လိုအပ်သည့် ဆေးဝါးကုသမှု ပြုလုပ်ပေးခဲ့ကြသည်။
အဆိုပါဆေးကုသမှု ပြုလုပ်ပေးရာနေရာသို့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီး ကျော်စိန်ထွန်း၊ အောင်မြေသာစံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဆွေနှင့်အဖွဲ့ဝင်များ၊ ပုသိမ်ကြီးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဦးနှင့်အဖွဲ့တို့ မှလာရောက်ကြည်ရှု့အားပေးခဲ့ပြီး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့မှလိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
#News #MNP
https://t.me/MyanmarNationalPost
No comments:
Post a Comment