နေပြည်တော်၊ ဖေဖော်ဝါရီ ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ဖေဖော်ဝါရီလ ၂၂ ရက်နေ့က သင်္ဘောဆီကန်အား ဂဟေဆော်ရာမှ မီးလောင်မှုဖြစ်ပွားသဖြင့် အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦး ဒဏ်ရာရဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ ၂၂ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် ဆိပ်ကြီးခနောင်တိုမြို့နယ်၊ ဆိပ်ကြီးအရှေ့ရပ်ကွက် “ဇေယျာထွန်း”လွန်းတင်ကျင်းအရှေ့ဘက် ခနောင်တိုချောင်းအတွင်း ရပ်တန့် ထားသည့် တွန်းသင်္ဘော ၁ စီး မီးလောင်မှုဖြစ်ပွားကြောင်းသတင်းအရ ဆိပ်ကြီးခနောင်တိုမြို့နယ် ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့က သွားရောက်မီးငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၁၂ နာရီခွဲအချိန်တွင် မီးငြိမ်းသွားခဲ့သဖြင့် စိစစ်ခဲ့ရာ အဆိုပါ နေရာ၌ ရပ်တန့်ထားသည့် “မင်္ဂလာရွှေပြည့်”သင်္ဘောပေါ်တွင် အလုပ်လုပ်ကိုင်သော ကြံခင်းမြို့နယ်၊ ရွှေတောင်စုရပ်ကွက်နေ ကျော်လင်းနိုင်(၃၇)နှစ်သည် သင်္ဘောဆီကန်အား ဂဟောဆော်ပြုပြင်နေစဉ် ဆီကန်ပေါ်သို့ မီးပွားကျရာမှ ပေါက်ကွဲကာမီးစတင် လောင်ကျွမ်းခဲ့ပြီး မီးလောင်မှုကြောင့် ကျော်လင်းနိုင် နှင့် သင်္ဘောပေါ်တွင် ထမင်းချက်လုပ်ကိုင်သူ ပန်းတောင်းမြို့နယ်၊ ထုံးဘိုမြို့နေ သင်းသင်းမာ(၁၉)နှစ် တို့တွင် အသီးသီးဒဏ်ရာများရရှိခဲ့ပြီး သင်္ဘော၏ စက်ခန်းနှင့် အိပ်ခန်းများ မီးလောင်ဆုံးရှုံးခဲ့သဖြင့် ကျော်လင်းနိုင်အား ဆိပ်ကြီးခနောင်တိုမြို့မရဲစခန်း(ပ)၁၁/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။
https://t.me/MyanmarNationalPost

No comments:
Post a Comment