မြိတ်မြို့၊ တုံးဗျောကြီးကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း(တုံးဗျောကြီး)မှ ကျောင်းသားများ လိုက်ပါလာသည့် မော်တော်ယာဉ်အား အကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲခဲ့သဖြင့် ကျောင်းသားများ ထိခိုက်ဒဏ်ရာရရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြိတ်မြို့၊ တုံးဗျောကြီးကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း(တုံးဗျောကြီး)မှ ကျောင်းသားများ လိုက်ပါလာသည့် မော်တော်ယာဉ်အား အကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲခဲ့သဖြင့် ကျောင်းသားများ ထိခိုက်ဒဏ်ရာရရှိ





နေပြည်တော်၊ ဖေဖော်ဝါရီ ၁၂

နိုင်ငံရေးအစွန်းရောက် အကြမ်းဖက်အဖွဲ့များအနေဖြင့် နိုင်ငံတော်တည်ငြိမ် အေးချမ်းမှု ပျက်ပြားစေရန် ရည်ရွယ်၍ စစ်ရေးပစ်မှတ်မဟုတ်သည့် အပြစ်မဲ့ပြည်သူ များနေထိုင်ရာ မြို့၊ ကျေးရွာများ၊ စာသင်ကျောင်းများအား လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ လမ်းမကြီးများပေါ်၌ မောင်းနှင်သွား လာနေသည့် မော်တော်ယာဉ်များအား မိုင်းဆွဲတိုက်ခိုက်ခြင်း၊ လမ်းတံတားများအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်းစသည့် အကြမ်းဖက်မှုလုပ်ရပ်များအား လုပ်ဆောင် လျက်ရှိသည့်အပြင် အေးချမ်းစွာပညာသင်ကြားလျက်ရှိသည့် ကျောင်းသား၊ကျောင်းသူ များနှင့် ဆရာ၊ ဆရာမများကို နှောင့်ယှက်ခြင်း၊ ခြိမ်းခြောက်အကြပ်ကိုင်ခြင်း၊ ဖမ်းဆီးသတ်ဖြတ်ခြင်း စသည်ဖြင့် အဖျက်အမှောက်လုပ်ငန်းများကို နည်းလမ်း မျိုးစုံဖြင့်  လုပ်ဆောင်လျက်ရှိသည်။

ထိုသို့ လုပ်ဆောင်လျက်ရှိရာ ဖေဖော်ဝါရီလ ၁၁ ရက် မွန်းလွဲ ၁၂ နာရီခန့်တွင် မြိတ်မြို့၊ တုံးဗျောကြီးကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်း (တုံးဗျောကြီး)မှ မူလတန်းပြဆရာ ၁ ဦးနှင့် ကျောင်းသား ၆ ဦးတို့သည် စာမေးပွဲများ ဖြေဆိုရန်အတွက် လိုအပ်သည့် စာသင်ခုံများသယ်ယူရန် တောင်ဖီလာကျေးရွာရှိ အခြေခံပညာအထက် တန်းကျောင်း(တောင်ဖီလာ)သို့ မော်တော်ယာဉ် ၁ စီးဖြင့် ထွက်ခွာလာစဉ် တုံးဗျောကြီး ကျေးရွာ၏ ၃ မိုင်ခန့်အကွာ တောင်ပုကျေးရွာအနီးသို့အရောက်၌ အကြမ်းဖက် သမားများက မိုင်းထောင်ဖောက်ခွဲတိုက်ခိုက်ခဲ့သဖြင့် ယာဉ်ပေါ်တွင် လိုက်ပါလာသည့် ကျောင်းသားများအနက် မောင်ထက်ရဲကိုနှင့် မောင်ထက်ရဲလင်း တို့တွင် မိုင်းစထိမှန် ဒဏ်ရာများ ရရှိခဲ့သည်။

အဆိုပါဖြစ်စဉ် ဖြစ်ပွားသည့်နေရာသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်၍ လုံခြုံရေးလုပ်ငန်းများ  ဆောင်ရွက်ခဲ့ပြီး မိုင်းစထိမှန်ဒဏ်ရာရရှိခဲ့သည့် ကျောင်းသား ၂ ဦးအား မြိတ်မြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှု ခံယူစေလျက် ရှိပြီး မိုင်းထောင်ဖောက်ခွဲခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီး အရေးယူနိုင်ရေး ဒေသခံပြည်သူများနှင့်ပူးပေါင်း၍ လုံခြုံရေးလုပ်ငန်းများ တိုးမြှင့် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။


#News #MNP 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)