တာမွေ၊ ဖေဖော်ဝါရီ ၂၂
အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာ၍ ရန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်သို့ ရောက်ရှိနေသည့် ပြည်သူများအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ပေးအပ်သော ထောက်ပံ့ငွေများ ပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့မွန်းလွဲ ပိုင်းအချိန်က ရန်ကုန်မြို့ တာမွေမြို့နယ်ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် တာမွေမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ဝင်းက အကြမ်းဖက် ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာ၍ မြို့နယ်အတွင်း ရောက်ရှိနေသည့် ပြည်သူများအား ထောက်ပံ့ငွေများ ပေးအပ်ခြင်းနှင့် ပတ်သက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက မြို့နယ်အတွင်း ရောက်ရှိနေသည့် ယာယီနေရပ်စွန့်ခွာ ပြည်သူများအား တစ်ဦးလျှင် ငွေကျပ်နှစ်သောင်းနှုန်းစီဖြင့် ပြည်သူများ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြသည်။ ထို့နောက် ထောက်ပံ့ငွေရရှိသူများကိုယ်စား ယာယီနေရပ်စွန့်ခွာ ပြည်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
အကြမ်းဖက်ဖြစ်စဉ်များကြောင့် ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ် သို့ ယာယီနေရပ်စွန့်ခွာ၍ ရောက်ရှိနေသည့် အိမ်ထောင်စု(၂၈၆)စုရှိပြီး ဝန်ထမ်း(၅၃)ဦးနှင့် ပြည်သူ (၉၂၆)ဦး စုစုပေါင်း (၉၇၉)ဦးရှိကြောင်း၊ ထောက်ပံ့ငွေများ ပေးအပ်ရာတွင် ပထမအကြိမ်အဖြစ် (၄၉၀)ဦးကိုလည်းကောင်း၊ ဒုတိယအကြိမ်အဖြစ် (၄၈၉)ဦးကိုလည်းကောင်း ပြည်သူများလက်ဝယ် အရောက် အသီးသီး ပေးအပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
နိုင်လင်းအောင်
#News #MNP
https://t.me/MyanmarNationalPost





No comments:
Post a Comment