စစ်မှုထမ်းဟောင်းများအနေဖြင့် တပ်မတော်နှင့်အတူလက်တွဲပြီး သင့်တော်သည့် ကဏ္ဍများတွင် နိုင်ငံတော်တည်ငြိမ်ရေး ပူးပေါင်းဆောင်ရွက်နေသည်ကို သိရှိရသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်မှုထမ်းဟောင်းများအနေဖြင့် တပ်မတော်နှင့်အတူလက်တွဲပြီး သင့်တော်သည့် ကဏ္ဍများတွင် နိုင်ငံတော်တည်ငြိမ်ရေး ပူးပေါင်းဆောင်ရွက်နေသည်ကို သိရှိရသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပြောကြား


နေပြည်တော်၊ ဖေဖော်ဝါရီ ၅

မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းများနှင့် မိသားစုဝင်များအတွက် MRTV DTH စလောင်း အစုံ ၁၀၀ နှင့် DVB T-2 Set Top Box အလုံး ၃၀၀ လှူဒါန်းခြင်းအခမ်းအနားကို ယမန်နေ့က နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ အမြဲတမ်းအတွင်းဝန် ဦးဝင်းကျော်အောင်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ဒုတိယဥက္ကဋ္ဌ (၁) ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်(ငြိမ်း)၊ အတွင်းရေးမှူး ဗိုလ်ချုပ်စန်းမြင့်(ငြိမ်း)နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက တပ်မတော်သားများအနေဖြင့် တပ်မတော်တွင် တာဝန်ထမ်းဆောင်စဉ်ကာလတွင်ရော၊ အငြိမ်းစားဘဝရောက်ရှိသည့်အချိန်ထိတိုင် နိုင်ငံ့အကျိုးကို ထမ်းဆောင်လျက်ရှိသည့်အတွက် ဂုဏ်ယူပါကြောင်း၊ စစ်မှုထမ်းဟောင်းများအနေဖြင့် တပ်မတော်နှင့်အတူလက်တွဲပြီး သင့်တော်သည့် ကဏ္ဍများတွင် နိုင်ငံတော်တည်ငြိမ်ရေး ပူးပေါင်းဆောင်ရွက်နေသည်ကို သိရှိရသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ တပ်မတော်သားများနှင့် မိသားစုဝင်များအားလုံး သတင်းတု၊ သတင်းမှားများကို ဆန်းစစ်ဝေဖန်နိုင်ပြီး သတင်းမှန်ကို ခွဲခြားသိရှိမှသာ ဆောင်ရွက်ချက်များ ပိုမိုတန်ဖိုးရှိမည်ဖြစ်သည့်အတွက် စစ်မှုထမ်းဟောင်းအဖွဲ့သို့ ယခုလိုလှူဒါန်းရခြင်းဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက MRTV DTH စလောင်းအစုံ ၁၀၀ နှင့် DVB T-2 Set Top Box အလုံး ၃၀၀ တို့ကို ပေးအပ်လှူဒါန်းရာ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ဒုတိယဥက္ကဋ္ဌ(၁) ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်(ငြိမ်း)နှင့် တာဝန်ရှိသူများက လက်ခံရယူကြသည်။

ယင်းနောက် မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ဒုတိယဥက္ကဋ္ဌ(၁) ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်(ငြိမ်း)က ယခုကဲ့သို့ လှူဒါန်းခြင်းအတွက် စစ်မှုထမ်းဟောင်းများနှင့် မိသားစုဝင်များအတွက် များစွာအကျိုးကျေးဇူးရှိမည်ဖြစ်ပါကြောင်း၊ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက စစ်မှုထမ်းများနှင့် မိသားစုဝင်များအား အသိအမှတ်ပြုသည့်အတွက် အားတက်ရပါကြောင်း ပြောကြားသည်။


#MNP #News 

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)