Pages

Pages

ကျောက်ပန်းတောင်းမြို့တွင် ငွေကျပ် ၅၉၄ သိန်း တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

 


နေပြည်တော်၊ ဖေဖော်ဝါရီ ၂၆

မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီလ ၂၃ ရက်နေ့ ၁၆၃၀ အချိန် ကျောက်ပန်းတောင်းမြို့၊ အောင်မင်္ဂလာရပ်ကွက်ရှိ ကားဂိတ်တွင် မော်တော်ဆိုင်ကယ်တစ်စီးနှင့်အတူ ပါဆယ်ပစ္စည်းလာရောက်ထုတ်ယူသူ မျိုးမင်းဦး အား သတင်းအရ ရှာဖွေရာ ၎င်းထုတ်ယူသည့် ပါဆယ်ထုပ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၂၉,၇၀၀ ပြား(တစ်ပြားလျှင် ၂,၀၀၀ ကျပ်နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေ ၅၉၄ သိန်း) သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ ၁၆၄၅ အချိန် ကျောက်ပန်းတောင်းမြို့၊ သာယာအေးရပ်ကွက်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင် ရောင်းဝယ်ရာ၌ ပူးပေါင်းပါဝင်သူ အေးလွင်အား ဆက်လက်ဖမ်းဆီးရမိခဲ့သဖြင့် မျိုးမင်းဦး(၄၂)နှစ်နှင့် အေးလွင်(၄၁)နှစ်တို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။


#News #MNP

https://t.me/MyanmarNationalPost

No comments:

Post a Comment