Pages

Pages

တောင်ကြီးမြို့တွင် ငွေကျပ် သိန်း ၂,၆၄၀ တန်ဖိုးရှိ Happy Water များ ဖမ်းဆီးရမိ

 


နေပြည်တော်၊ ဖေဖော်ဝါရီ ၂၆

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီလ ၂၃ ရက်နေ့ ၁၀၄၀ အချိန် တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်၊ အနောက်မြို့ပတ် လမ်းတွင် မုန်းမုန်း(ခ)ဇော်ဦး မောင်းနှင်လာသည့် TOYOTA WISH အမျိုးအစား မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်မှ စိတ်ပြောင်းဆေးဝါး Happy Water ၂ ဒသမ ၄ ကီလို (တစ်ကီလိုလျှင် ၁,၁၀၀ သိန်းနှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေ ၂,၆၄၀ သိန်း) သိမ်းဆည်းရမိခဲ့သဖြင့် မုန်းမုန်း(ခ)ဇော်ဦး(၃၁)နှစ်အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။


#News #MNP

https://t.me/MyanmarNationalPost

No comments:

Post a Comment