Pages

Pages

ပေါင်မြို့နယ်(အ.ထ.က)(ခွဲ)ပန်းကုန်း (မွန်)ကျောင်း၌ လူငယ်များဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်လူငယ်စကားဝိုင်း ပြုလုပ်






ပေါင်၊ ဖေဖော်ဝါရီ ၃

မွန်ပြည်နယ်၊ပေါင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယနေ့ နံနက်(၁၀)နာရီကပေါင်မြို့နယ်(အ.ထ.က) (ခွဲ) ပန်းကုန်း(မွန်)ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေ့ဦးစွာလူငယ်စကားဝိုင်းတွင်‌ပေါင်မြို့နယ် စာရေးဆရာအသင်းမှ စာရေးဆရာငှက်တောင်ပျံ(ဇင်းကျိုက်)ကအဖွင့်အမှာစကားပြောကြားပြီး ‌ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဦးစီးအရာရှိဒေါ်တင်ဇာစိုးက လူငယ်များ  စာဖတ်ရှိန်မြှင့်တင်ရေး၊ ဗလငါးတန်နှင့် ပြည့်စုံသော လူငယ်များပေါ်ထွက်လာစေရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ရေးဦးစီးဌာနအနေဖြင့် လူငယ်စကားဝိုင်းများ ကျင်းပရခြင်းဖြစ်ပါကြောင်း၊ ထို့အပြင် ကျောင်းသားလူငယ်များ စာဖတ်စွမ်းရည်များ တိုးတက်လာပြီး အသင်းအဖွဲ့များတွင် ပါဝင် လုပ်ဆောင်ဆွေးနွေးတတ်သည့် အလေ့အကျင့်များ ၊ ကိုယ်ရည်ကိုယ်သွေးများနှင့် နှုတ်မှုစွမ်းရည်များ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ယင်းနောက် လူငယ်စကားဝိုင်းကိုကျင်းပရာ ပေါင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  ဦးစီးအရာရှိ ဒေါ်တင်ဇာစိုး က အစီအစဉ်တင်ဆက်သူအဖြစ် ဆောင်ရွက်ပြီး(အ.ထ.က)(ခွဲ)ပန်းကုန်း(မွန်)ကျောင်း မှ  Grade -11ကျောင်းသူ မ၀ိုင်း၀ိုင်းငယ်က လူငယ်နှင့်ပညာရေးခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade - 11 ကျောင်းသူ မစန်းစန်းထွေးက လူငယ်နှင့်ကျန်းမာရေး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade - 11 ကျောင်းသူ မဌေးဌေးလှိုင်က လူငယ်နှင့်ကိုယ်ကျင့်တရား ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade -11 ကျောင်းသူ မအိသဇင်ဖြိုးကလူငယ်နှင့်စာရိတ္တ ခေါင်းစဥ် ဖြင့်လည်းကောင်း၊ Grade - 10 ကျောင်းသား မောင်အာကာဖုန်းက လူငယ်နှင့်နည်းပညာ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-10 ကျောင်းသူ မအင်ကြင်းအောင်က လူငယ်နှင့်စာဖတ်ခြင်း ခေါင်းစဉ်ဖြင့်လည်း ကောင်း၊ Grade -10 ကျောင်းသူ မခိုင်သဇင်ထက် က လူငယ်နှင့်စည်းကမ်းခေါင်းစဉ်ဖြင့် လည်းကောင်း၊ Grade-10 ကျောင်းသူ မ၀င်း၀င်းအေးက လူငယ်နှင့်အားကစားခေါင်းစဉ်ဖြင့်လည်းကောင်းအသီးသီး ဆွေးနွေးခဲ့ကြပြီး ကျောင်းသား၊ ကျောင်းသူများ က လူငယ်စကားဝိုင်းတွင် ဆွေးနွေးခဲ့သည့် အကြောင်းအရာများအပေါ် အခြေခံကာ မိမိတို့သိရှိလိုသည့် မေးခွန်းများကို မေးမြန်းရာ ဦးစီးအရာရှိ ဒေါ်တင်ဇာစိုး က ပြန်လည်ဖြေကြားပေးခဲ့ပြီး (အ.ထ.က)(ခွဲ) ပန်းကုန်း(မွန်)ကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးဝင်းအောင် က ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

ယနေ့ကျင်းပသော လူငယ်စကားဝိုင်း သို့ (အ.ထ.က)(ခွဲ)ပန်းကုန်း(မွန်)ကျောင်းမှ ဆရာ/ဆရာမများ အပါအဝင် ကျောင်းသား/ ကျောင်းသူ ( ၂၀၀) ဦးခန့် ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။


မွန်မလေး 

#News #MNP

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment