ပေါင်၊ ဖေဖော်ဝါရီ ၃
ပေါင်မြို့၊ မိုးနိုင်းရပ်ကွက်နှင့် ဥတ္တံတားကျေးရွာကြား ရန်ကုန် - မော်လမြိုင်ကားလမ်းရှိ ချောင်းကူးတံတားအောက်တွင် လက်လုပ်မိုင်းအကြီး ၁၀ လုံး ခန့်အား ဝါယာကြိုးများဖြင့်ချိတ်ဆက်သွယ်တန်း၍ ထောင်ထားကြောင်း သတင်းအရ ဖေဖော်ဝါရီလ ၃ ရက် နံနက် ၉ နာရီ ၃၀ မိနစ် အချိန်ခန့်က လုံခြုံရေးအဖွဲဝင်များမှ သွားရောက်ရှင်းလင်း ဖယ်ရှားပေးနိုင်ခဲ့ကြောင်း သိရသည်။
တံတားအောက်တွင် အကြမ်းဖက် KNU တပ်မဟာ ၁ လက်အောက်ခံ အကြမ်းဖက် KNU/PDF များမှ အလျား ၁၉ လက်မ၊ အနံ ၈ လက်ရှိ TNT ယမ်းများ အပြည့်စီထည့်ထားသော လက်မိုင်း ၁၂ လုံး၊ စနက်တံ ၂၃ ချောင်း၊ ဝါယာကြိုး အရှည် ၁၈ ပေခန့် တွဲလျက်ထောင်းထားသည်ကို တွေ့ရှိခဲ့ရပြီး လုံခြုံရေးအဖွဲ့ဝင်များမှ သက်မဲ့ပြုလုပ်ကာ ရှင်းလင်းဖယ်ရှားပေးနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
#News #MNP
Join - https://t.me/MyanmarNationalPost


No comments:
Post a Comment