ရန်ကုန် - မော်လမြိုင်ကားလမ်း ချောင်းကူးတံတားကို ဖောက်ခွဲဖျက်ဆီးရန် KNU/PDF အကြမ်းဖက်သမားများ ထောင်ထားသည့် မိုင်းများကို သက်မဲ့ပြုလုပ်၍ ရှင်းလင်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရန်ကုန် - မော်လမြိုင်ကားလမ်း ချောင်းကူးတံတားကို ဖောက်ခွဲဖျက်ဆီးရန် KNU/PDF အကြမ်းဖက်သမားများ ထောင်ထားသည့် မိုင်းများကို သက်မဲ့ပြုလုပ်၍ ရှင်းလင်း




ပေါင်၊ ဖေဖော်ဝါရီ ၃

ပေါင်မြို့၊ မိုးနိုင်းရပ်ကွက်နှင့် ဥတ္တံတားကျေးရွာကြား ရန်ကုန် - မော်လမြိုင်ကားလမ်းရှိ ချောင်းကူးတံတားအောက်တွင် လက်လုပ်မိုင်းအကြီး ၁၀ လုံး ခန့်အား ဝါယာကြိုးများဖြင့်ချိတ်ဆက်သွယ်တန်း၍ ထောင်ထားကြောင်း သတင်းအရ ဖေဖော်ဝါရီလ ၃ ရက် နံနက် ၉ နာရီ ၃၀ မိနစ် အချိန်ခန့်က လုံခြုံရေးအဖွဲဝင်များမှ သွားရောက်ရှင်းလင်း ဖယ်ရှားပေးနိုင်ခဲ့ကြောင်း သိရသည်။

တံတားအောက်တွင် အကြမ်းဖက် KNU တပ်မဟာ ၁ လက်အောက်ခံ အကြမ်းဖက် KNU/PDF များမှ အလျား ၁၉ လက်မ၊ အနံ ၈ လက်ရှိ TNT ယမ်းများ အပြည့်စီထည့်ထားသော လက်မိုင်း ၁၂ လုံး၊ စနက်တံ ၂၃ ချောင်း၊ ဝါယာကြိုး အရှည် ၁၈ ပေခန့် တွဲလျက်ထောင်းထားသည်ကို တွေ့ရှိခဲ့ရပြီး လုံခြုံရေးအဖွဲ့ဝင်များမှ သက်မဲ့ပြုလုပ်ကာ ရှင်းလင်းဖယ်ရှားပေးနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


#News #MNP

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)