ကနေဒါကို သိမ်းယူရန်မှာ အတည်ဖြစ်ကြောင်း ထရမ့်ပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကနေဒါကို သိမ်းယူရန်မှာ အတည်ဖြစ်ကြောင်း ထရမ့်ပြောကြား



ဝါရှင်တန်၊ ဖေဖော်ဝါရီ ၁၁ 

ကနေဒါက အမေရိကန်နိုင်ငံ၏ ၅၁ ခုမြောက် ပြည်နယ် ဖြစ်လာရေး သဘောထားမှာ “အတည်ဖြစ်ကြောင်း” အမေရိကန်နိုင်ငံ သမ္မတ ထရမ့်က အမေရိကန်မီဒီယာ၏ ဖေဖော်ဝါရီ ၉ ရက်တွင် ထုတ်လွှင့်သည့် တွေ့ဆုံမေးမြန်းမှုတစ်ခုတွင် ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံ Fox News ရုပ်သံလိုင်း သတင်းထောက်က တွေ့ဆုံမေးမြန်းရာတွင် ထရမ့်အား ကနေဒါကို အမှန်တကယ် သိမ်းယူလိုခြင်း ရှိ မရှိ မေးမြန်းခဲ့သည်။ ထရမ့်က “ဟုတ်ပါတယ်၊ ကနေဒါက (အမေရိကန်ရဲ့) ၅၁ ခုမြောက် ပြည်နယ် ဖြစ်လာရင် ပိုကောင်းမယ်လို့ ကျွန်တော်ထင်ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ နှစ်စဉ် ကနေဒါမှာ အမေရိကန်ဒေါ်လာ ဘီလီယံ ၂၀၀ နစ်နာဆုံးရှုံးနေရပါတယ်။ ဒီလိုကိစ္စမျိုး (ဆက်လက်) ဖြစ်ပွားတာကို ကျွန်တော်ခွင့်မပြုပါဘူး” ဟု ဖြေကြားခဲ့သည်။

ထို့ပြင် ကနေဒါ ရုပ်သံလွှင့်ကော်ပိုရေးရှင်း၏ ဖေဖော်ဝါရီ ၇ ရက် သတင်းဖော်ပြချက်အရ စီးပွားရေးလောက လူပုဂ္ဂိုလ်များနှင့်အတူ ကျင်းပသည့် တံခါးပိတ်အစည်းအဝေးတစ်ခု၌ ကနေဒါနိုင်ငံ ဝန်ကြီးချုပ် ထရူးဒိုးက ၎င်းနှင့် ထရမ့်က အချို့သောအကြောင်းအရာများကို ဆွေးနွေးချိန်တွင် “အလွယ်ကူဆုံးနည်းလမ်းဟာ ကျွန်တော်တို့နိုင်ငံကို သိမ်းယူတာပဲလို့ မစ္စတာထရမ့်က ယူဆပါတယ်။ ဒါကအတည်ပါ” ဟု ပြောကြားခဲ့သည်။ ထရူးဒိုးက ထိုစကားကိုပြောပြီးမှ မိုက်ကိုပိတ်ရန် သတိရသွားကြောင်း သိရသည်။ ထရူးဒိုးကဆက်လက်ပြီး “သူတို့ (အမေရိကန်သား) တွေက ကျွန်တော်တို့မှာ အရင်းအမြစ် ဘယ်လောက်ရှိလဲဆိုတာ ရှင်းရှင်းလင်းလင်းသိကြလို့ ဒီအရင်းအမြစ်တွေကနေ အကျိုးအမြတ် အထူးလိုချင်ကြတယ်” ဟုလည်း ပြောကြားခဲ့သည်ဟု အစည်းအဝေးတက်ရောက်သူက ဆိုသည်။

ကနေဒါသည် အမေရိကန်၏ ၅၁ ခုမြောက် ပြည်နယ်ဖြစ်သင့်သည်ဟု ထရမ့်က အကြိမ်များစွာ ထုတ်ဖော်ပြောကြားခဲ့ပြီး “စီးပွားရေးအင်အား” ဖြင့် ယင်းကို ဖော်ဆောင်မည်ဟု လည်း ဆိုခဲ့သည်။ ၎င်းက ထရူးဒိုးကို “ကနေဒါပြည်နယ် အုပ်ချုပ်ရေးမှူး” ဟုပင် အကြိမ်များစွာခေါ်ဆိုခဲ့ဖူးသည်။ ကနေဒါအနေဖြင့် အမေရိကန်က ၎င်းအပေါ်တိုးမြှင့်ကောက်ခံရန် စီစဉ်ထားသည့် စည်းကြပ်ခွန်များကို ခံနိုင်ရည်မရှိပါက အမေရိကန်နိုင်ငံအတွင်း ပေါင်းစပ်လိုက်သင့်သည်ဟု ထရမ့်က ထရူးဒိုးအား ပြောကြားခဲ့ဖူးကြောင်း ထိုမတိုင်မီ အမေရိကန် မီဒီယာများက သတင်းဖော်ပြခဲ့သည်။ ကနေဒါဘက်က ထရမ့်၏အထက်ပါပြောကြားချက်ကို ကျယ်ကျယ်ပြန့်ပြန့် ကန့်ကွက်ခဲ့ကြောင်း သိရသည်။


Ref - (Xinhua)

#MNP #News #International

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)