ဖေဖော်ဝါရီ - ၂၀ ( ကြာသပတေးနေ့ )
ကနေဒါနိုင်ငံ တိုရွန်တိုမြို့တွင် ဇောက်ထိုး ပြုတ်ကျခဲ့သော လေယာဉ်ပျက်ကျမှုကြောင့် ဒဏ်ရာရရှိခဲ့တဲ့ ခရီးသည် ၂၁ ဦးအပါအဝင် ခရီးသည် ၇၆ ဦးစလုံးကို ဒယ်လ်တာ လေကြောင်းလိုင်းက လျော်ကြေးပေးမယ်လို့ သိရပါတယ်။
ပျက်ကျမှုကြောင့် လေယာဉ်သည် ပေါက်ကွဲကာ မီးတောက်လောင်မှုဖြစ်ခဲ့ပါတယ်။ တောင်ပံများ ပြုတ်ထွက်ကာ နောက်ဆုံးတွင် လေယာဉ်က ဇောက်ထိုးမိုးမျှော်ဖြစ်ခဲ့ပါတယ်။ ခရီးသည်များသည် ၎င်းတို့၏ထိုင်ခုံများတွင် “လင်းနို့များကဲ့သို့ တွဲလောင်းကျ” ခဲ့ရပါတယ်။ ဒါပေမဲ့ ခရီးသည် ၇၆ ဦးနှင့် အမှုထမ်း လေးဦးစလုံး အသက်ရှင် လွတ်မြောက်ခဲ့ပါတယ်။ လူ(၂၀)ဦးအား ဆေးရုံသို့ ပို့ဆောင်၍ ကုသပေးခဲ့ရပါတယ်။
အမေရိကန် လေကြောင်းလိုင်းကုမ္ပဏီ ဒယ်လ်တာက ခရီးသည် ၇၆ ဦးစလုံးအား နစ်နာကြေး ဒေါ်လာ ၃၀,၀၀၀ ပေးချေရန် ကတိပြုခဲ့ပြီး စုစုပေါင်း အမေရိကန်ဒေါ်လာ ၂.၃ သန်း ပေးချေခဲ့ပါတယ်။ ဒယ်လ်တာကုမ္ပဏီ ပြောရေးဆိုခွင့်ရှိသူ မော်ဂန်ဒါးရန့်က ခရီးသည်များအား ဘဏ္ဍာရေးလျော်ကြေးငွေတွေမှာ “နှောင်ကြိုးများ မပါသလို အခွင့်အရေးတောင်းခံခြင်း သက်ရောက်မှုမရှိပါဘူး” လို့ ခရီးသည်များအား အာမခံခဲ့ပါတယ်။
ကနေဒါနိုင်ငံ သယ်ယူပို့ဆောင်ရေးဘေးကင်းရေးဘုတ်အဖွဲ့၊ အမျိုးသားသယ်ယူပို့ဆောင်ရေး ဘေးကင်းရေးဘုတ်အဖွဲ့ နှင့် ပြည်ထောင်စုလေကြောင်းအာဏာပိုင်အဖွဲ့ တို့အပါအဝင် အေဂျင်စီများစွာသည် လေယာဉ်ပျက်ကျမှုနှင့်ပတ်သက်သည့် အခြေအနေများကို စုံစမ်းစစ်ဆေးနေစဉ် ကမ်းလှမ်းချက်များ လုပ်ထားပါတယ်။
REF: Hindustan Times
#News #MNP
https://t.me/MyanmarNationalPost

No comments:
Post a Comment