ပန်းတောင်းမြို့နယ်၌ ဖိုးဦးတောင်စေတီတော်မြတ်ကြီး လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူပူဇော်မှု စုပေါင်းရေစက်ချအလှူတော်မင်္ဂလာကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပန်းတောင်းမြို့နယ်၌ ဖိုးဦးတောင်စေတီတော်မြတ်ကြီး လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူပူဇော်မှု စုပေါင်းရေစက်ချအလှူတော်မင်္ဂလာကျင်းပ




ပန်းတောင်း၊ ဖေဖော်ဝါရီ ၂၃

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ဖိုးဦးတောင်စေတီတော်မြတ်ကြီးတွင် ယမန်နေ့နံနက်ပိုင်းက လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူပူဇော်မှု စုပေါင်းရေစက်သွန်းချ အလှူတော်မင်္ဂလာအခမ်းအနားကျင်းပခဲ့ရာ ပြည်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်နှင့်ဇနီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရနှင့်ဇနီး၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အလှူရှင်များ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားကို နမောတဿ (၃) ကြိမ်ရွတ်ဆိုဘုရားကန်တော့၍ဖွင့်လှစ်ခဲ့ပြီး သြဝါဒစရိယ နိုင်ငံတော်ဗဟိုသံဃဝန်ဆောင်၊ မဟာသဒ္ဓမ္ဓဇောတိကဓဇဘဒ္ဒန္တဝိဇယ ဆရာတော်ကြီးထံမှ ဧည့်ပရိတ်သတ်များက ငါးပါးသီလခံယူဆောက်တည်ခဲ့ကြသည်။ ဆက်လက်၍ ပြည်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်မှ လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်းနှင့်ပတ်သက်၍ သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့ပြီး ရွှေသင်္ကန်းကပ်လှူပူဇော်မှုအတွက် လှူဒါန်းကြသော အလှူရှင်များကိုယ်စား ကိုယ်စားလှယ် (၃) ဦးအားဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခြင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ အလှူရှင်တို့မှ ဆရာတော်ကြီးများအား လှူဘွယ်ဝတ္ထုများ ဆပ်ကပ်လှူဒါန်းခြင်းများပြုလုပ်ခဲ့ကြသည်။

ထို့နောက် သြဝါဒစရိယမြို့နယ်သံဃနာယက ဘဒ္ဒန္တမဏ္ဍလ ဆရာတော်ကြီးက လှူဒါန်းမှု အစုစုအတွက် အနုမောဒနာတရားချီးမြှင့်ခြင်း၊ ရေစက်သွမ်းချအမျှဝေပေးခြင်းများ ပြုလုပ်ပြီးနောက် ဗုဒ္ဓသာသနံစိရံတိဌတု (၃) ကြိမ်ရွတ်ဆို၍ အခမ်းအနားကိုရုပ်သိမ်းခဲ့ကြောင်း သိရသည်။


လပြည့်လင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)