ဒဂုံမြောက်၊ ဖေဖေါ်ဝါရီ ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ ဘေလီတံတားအဆင်းရှိ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) ရှိ သန္နိပါတခန်းမဆောင်တွင် ယမန်နေ့မွန်းလွဲ ၃ နာရီအချိန်က သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မ ဇောတိက နိုင်ငံတော်ဩဝါဒစရိယ သောဠသမရွှေကျင်နိကာယ သံဃရာဇာ ရွှေကျင်သာသနာပိုင် သီတဂူဆရာတော်ကြီးအား အောင်ဇမ္ဗူဆရာတော်ဘုရားမှ ဦးဆောင်၍ အောင်ဇမ္ဗူဆရာတော်နှင့် တပည့် ဒါယကာ၊ ဒါယကာမများက နဝကမ္မ ကျပ်သိန်း (၁၀၀၀) လှူဒါန်းပူဇော်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အောင်ဇမ္ဗူဆရာတော်နှင့် တပည့် ဒါယကာ၊ ဒါယကာမများက အဘိဓဇမဟာရဋ္ဌဂုရု၊ ရွှေကျင်သာသနာပိုင် သီတဂူဆရာတော်ကြီးအား ဩကာသကန်တော့ချိုးဖြင့်ပူဇော်ပြီး မေတ္တာသုတ်တော်ဖြင့် ရွတ်ဖတ်ပူဇော်သည်။ ဆက်လက်၍ တပည့် ဒါယကာ၊ ဒါယကာမများက လှူဘွယ်ဝတ္ထုများဖြင့် ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ထို့နောက် အဘိဓဇမဟာရဋ္ဌဂုရု သဒ္ဓမ္မ ဇောတိက နိုင်ငံတော်ဩဝါဒစရိယ သောဠသမရွှေကျင်နိကာယ သံဃရာဇာ ရွှေကျင်သာသနာပိုင် သီတဂူဆရာတော်ကြီးထံမှ ရေစက်ချ အနုမောဒနာတရားနာယူ၍ အမျှပေးဝေခဲ့ကြပြီး ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆို၍ လှူဒါန်းပွဲ အခမ်းအနားအား ရုပ်သိမ်းခဲ့သည်။
မြင့်မြင့်ရီ
#News #MNP
https://t.me/MyanmarNationalPost

No comments:
Post a Comment