မန္တလေး၊ ဖေဖော်ဝါရီ ၅
မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ ဖေဖော်ဝါရီလ ၂ ရက်နေ့ ၂၀၀၀ အချိန် ချမ်းမြသာစည်မြို့နယ်၊ အောင်သာယာရပ်ကွက်၊ ၄၄ x ၄၅ လမ်းကြား၊ ၁၁၇ x ၁၁၈ လမ်းကြားရှိ တည်းခိုခန်း၊ အခန်းအမှတ် --- အား ဝင်ရောက်ရှာဖွေရာ တည်းခိုနေထိုင်သူ မင်းမင်းသန့် အား တွေ့ရှိပြီး အခန်းအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၂,၀၀၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၄၀)အား တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။
စစ်ဆေးဖော်ထုတ်ချက်အရ ဖေဖော်ဝါရီလ ၃ ရက်နေ့ ၀၁၀၀ အချိန် ၎င်းငှားရမ်းနေထိုင်သည့် ပုသိမ်ကြီးမြို့နယ်၊ မဲကင်းကုန်းကျေးရွာရှိ နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၇၁,၀၀၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၃,၄၂၀)အား ထပ်မံတွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် မင်းမင်းသန့်(၃၄)နှစ်အား သက်ဆိုင်ရာရဲစခန်းများတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
#MNP #News #Drug
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment