မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာ ဖူရှိစေရေးအတွက် ဥစား၊ အသားစား ကြက်မွေးမြူရေးခြံ နှင့် ဝက်‌မွေးမြူရေးခြံများ စံပြပုဂ္ဂလိက မွေးမြူရေး လုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်ထားရှိမှု အခြေအနေများ ကြည့်ရှုအားပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာ ဖူရှိစေရေးအတွက် ဥစား၊ အသားစား ကြက်မွေးမြူရေးခြံ နှင့် ဝက်‌မွေးမြူရေးခြံများ စံပြပုဂ္ဂလိက မွေးမြူရေး လုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်ထားရှိမှု အခြေအနေများ ကြည့်ရှုအားပေး








ပေါင်၊ ဖေဖော်ဝါရီ  ၂၁

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ၏ ဦးတည်ချက်များအနက် စိုက်ပျိုးရေးနှင့် မွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်မှုကို ခေတ်မီနည်းစနစ်များဖြင့် ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပြီး အခြားစီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရေး အတွက် အထူးအလေးထား ဆောင်ရွက်လျက်ရှိရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ဖေဖော်ဝါရီလ ၂၀ ရက်နေ့၊ နံနက်ပိုင်းက ပေါင်မြို့နယ်၊ မုတ္တမ၊ ကျွဲခြံကျေးရွာ၊ ဦးကျင်အောင်၏ ဥစား၊ အသားစား ကြက်မွေးမြူရေးခြံနှင့် ဝက်‌မွေးမြူရေးခြံများ စံပြပုဂ္ဂလိက မွေးမြူရေးလုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်ထားရှိမှု အခြေအနေများအား ကြည့်ရှုအားပေးခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ပေါင်မြို့နယ်၊ မုတ္တမ၊ ကျွဲခြံကျေးရွာအုပ်စုတွင် အသားစားကြက် ၂ ရက်သား၊ ၁၁ ရက်သားနှင့်၊ အသားစား ကြက်ကြီး စုစုပေါင်း အကောင်ရေ (၃၈၅၀၀) ကောင်အား အောင်မြင်စွာ မွေးမြူ ဆောင်ရွက်ထားရှိမှု အခြေအနေများအားလည်းကောင်း၊ ဥစားကြက်မ အကောင်ရေ (၁၄၂၀၀) တို့အား အောင်မြင်စွာ မွေးမြူထားရှိမှု အပေါ် ကြည့်ရှုအားပေးခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က စံပြပုဂ္ဂလိက မွေးမြူရေးလုပ်ငန်းတွင် အသားတိုး ဝက်အကောင်ရေ (၃၀၀)ကောင် အောင်မြင်စွာ ‌မွေးမြူထားရှိမှု အခြေအနေများနှင့် ငါးမွေးမြူရေး အခြေအနေများအား ကြည့်ရှုအားပေးခဲ့ပြီး စားရေရိက္ခာဖူလုံပေါများရေးဆိုသည့် အမျိုးသားရေးရည်မှန်းချက်များအတိုင်း မွေးမြူရေးလုပ်ငန်းများကို အကောင်အထည် ဖော်ဆောင်ရွက်ကြရန်လိုကြောင်း၊ မွေးမြူရေးဇုန်များ အလိုက် လုပ်ငန်းများဆောင်ရွက်ရာတွင် အဖြစ်သဘောမျိုးမွေးမြူခြင်းမဟုတ်ဘဲ အမှန်တကယ် မွေးမြူဆောင်ရွက်ကြစေရေး တာဝန်ရှိသူများ အနေဖြင့် ကြပ်မတ်ဆောင်ရွက်သွားကြစေ လိုကြောင်းဖြင့် လမ်းညွှန်မှာကြားခဲ့ကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

မွန်ပြည်နယ်အတွင်း မြို့နယ်များအလိုက် စားရေရိက္ခာဖူလှုံမှုရှိစေရေးအတွက် ပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးတွင် မွေးမြူရေးကဏ္ဍအနေဖြင့် ငါးမွေးမြူရေး၊ ကျွဲ၊ နွား ဆိတ်၊ ဝက်၊ ကြက်၊ ဘဲ၊ အပြင် ကြက်ဆင်၊ ဘဲငန်း၊ မန်ဒါလီ အကောင်ရေ (၂၈၁၅၀၄၉) တို့ကိုလည်း သက်ဆိုင်ရာ ဌာနများ၊ ပုဂ္ဂလိကများက မွေးမြူထားလျက်ရှိကြောင်း သိရှိရသည်။


မွန်မလေး 

#News #MNP 

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)