နေပြည်တော်၊ ဖေဖော်ဝါရီ ၁၁
ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့်ပြိုင်ပွဲဖွင့်ပွဲအခမ်း အနားသို့ တက်ရောက်လာကြသည့် တိုင်းဒေသကြီးနှင့်ပြည်နယ် ဝန်ကြီးချုပ်များနှင့် တွေ့ဆုံသည့် အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်မှုနှင့်ပတ်သက်ပါက သတ်မှတ်ထားသည့် ဥပဒေအတိုင်းသာ ဖြစ်ရန်လိုပြီး အတင်းအဓမ္မစုဆောင်းခြင်းများ မဖြစ်စေရန် ဆွေးနွေး မှာကြားသွားသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်မှု၊ စိစစ်မှုတို့နှင့် ပတ်သက်၍ မျက်မြင်စစ်ဆေးခြင်း၊ ကျန်းမာရေးဆိုင်ရာစစ်ဆေးခြင်းများ၊ စိတ်ဓာတ် စည်းကမ်းပိုင်းဆိုင်ရာ စစ်ဆေးခြင်းများကို စနစ်တကျဖြင့် ဆောင်ရွက်သွားရန်လိုကြောင်း၊ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်မှုနှင့်ပတ်သက်ပါက သတ်မှတ်ထားသည့် ဥပဒေအတိုင်းသာ ဖြစ်ရန်လိုပြီး အတင်းအဓမ္မစုဆောင်းခြင်းများ မဖြစ်ရန်လိုကြောင်း၊ MSME လုပ်ငန်း များနှင့်ပတ်သက်၍ လျှပ်စစ်မီးလိုအပ်ချက်ကို ဆိုလာစနစ်ဖြင့် ဆောင်ရွက်ပါက လုပ်ဆောင်ပြီး ၃ နှစ်တာကာလအတွင်း အရင်းကြေကာလသို့ ရောက်ရှိနိုင်မည်ဖြစ်သဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များအနေဖြင့် မိမိတို့ဒေသအလိုက်ရှိ MSME လုပ်ငန်းများအား ဆိုလာစနစ်ကိုအသုံးပြု၍ အောင်မြင်အောင်ဆောင်ရွက်နိုင်ရေး အသိ ပညာပေးသွားရန်လိုကြောင်း၊ MSME လုပ်ငန်းများသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး ကို များစွာအထောက်အကူပြုနိုင်သည့်အတွက် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန် ပြပွဲနှင့်ပြိုင်ပွဲကို ယခုကဲ့သို့ခမ်းခမ်းနားနားဖြင့် ရည်မှန်းချက်ကြီးကြီးထား၍ ကျင်းပခြင်း ဖြစ်ကြောင်း၊ ပြပွဲနှင့် ပြိုင်ပွဲတွင် မြန်မာသံရုံးများမှ စီးပွားရေးသံမှူးများမှတစ်ဆင့် ပြည်ပဈေးကွက်ရှာဖွေနိုင်ရေး ဆောင်ရွက်မှုများ၊ စီးပွားရေးကို ဦးဆောင်ဦးရွက်ပြုနေ သည့် အရပ်ဖက်စီးပွားရေးအဖွဲ့အစည်းများ၊ လုပ်ငန်းရှင်များ၏ ငွေကြေးလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်မည့် ဘဏ်များနှင့်လည်း ချိတ်ဆက်နိုင်ရန် ဆောင်ရွက်ပေးထားသဖြင့် အကျိုးရှိရှိဆောင်ရွက်သွားနိုင်ရန်လိုကြောင်း၊ နယ်စပ်ဒေသများ၌ ဖြစ်ပေါ်လျက်ရှိသည့် အခြေအနေများနှင့်ပတ်သက်၍လည်း အရေးကြီးသည့်ကိစ္စရပ် များဖြစ်သဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသို့ အချိန်နှင့်တစ်ပြေးညီ ဆက်သွယ် အကြောင်း ကြားသွားရန်လိုကြောင်းဖြင့် ဆွေးနွေးပြောကြားခဲ့ခြင်း ဖြစ်သည်။
#News #MNP
https://t.me/MyanmarNationalPost


No comments:
Post a Comment